Monday, November 25, 2024

ရုရှားနိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းတန်ချိန်(၃၅) တန်ခန့်ရောက်ရှိ

မြန်မာနိုင်ငံတွင် စက်တင်ဘာလအတွင်းကဖြစ် ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံး ရှုံးခဲ့ရခြင်းများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌အသုံးပြုရန် ရုရှားနိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက် ထားမှုအကူအညီပစ္စည်းတန်ချိန်(၃၅)တန်ခန့်ရောက်ရှိလာခဲ့သည်။ အဆိုပါ ပစ္စည်းများအား ရုရှားနိုင်ငံမှသယ်ယူပို့ ဆောင်ရေးလေယာဉ်ဖြင့်ပေးပို့ရာ...

အာရှတွင် အကျပ်အတည်းများဖြစ်လာစေရန် အမေရိက,က ထိုင်ဝမ်ကို...

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အသုံးချ၍ အာရှတွင် ဆိုးဝါးသောအကျပ်အတည်း ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က ပြောဆိုသည်ဟု...

နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရသည့် အရက်အဆိပ်သင့်မှုအတွက် တရားမျှတမှုဖော်ဆောင်မည်ဟု...

မီသနောအဆိပ်သင့် အရက်သောက်သုံးမိမှုကြောင့် နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရခြင်းအတွက် အလွန်တရာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ယင်းကိစ္စတွင် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု လာအိုအစိုးရက ကတိပြုခဲ့သည်။ နာမည်ကျော် ခရီးသွားမြို့ Vang...

ဒဂုံမြောက်ပိုင်းတွင် ဆိုင်ကယ်အသုံးပြု၍ ဖုန်းလုယက်သူအား ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းများကိုလုယက်ခဲ့သူအား ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ဆိုင်ကယ်အသုံးပြု၍...
HomeNewsLocal Newsငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ဟု နစက...

ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်ဟု ပြောသည်။

” ယုံကြည်မှုအပေါ် အခြေခံတဲ့ဆက်ဆံရေးဟာ စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံးမှာ ပိုမိုသဟဇာတရှိပြီး အတူတကွယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ထွန်းစေပါတယ်။ နိုင် ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေမယ်ဆိုရင် လွတ် လပ်သော်လည်း မငြိမ်းချမ်းတဲ့အခြေအနေကိုသာပေါ်ပေါက်စေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက်လည်း အန္တ ရာယ်ဖြစ်စေမည်ကိုသတိထားကြရန် လိုအပ်မည်ဟု ပြောသည်။

နစက သည် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံ ရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေး နွေးချက်များမှရရှိလာသည့် သဘောထားမှတ် ချက်များကို နောင်လာမည့်လွှတ်တော်အစည်း အဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ် တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကာ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဟု ပြောသည်။

” အခုအချိန်ဟာ တိုင်းရင်းသားညီအစ်ကိုမောင် နှမတွေအချင်းချင်းယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်တဲ့ အယူဝါဒတွေပယ်ဖျောက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်လေးစားချစ် ခင်မှုတွေနဲ့ပါဝင်လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးတည်ဆောက်ကြရမယ့် အချိန်အခါဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးများကိုအသုံးချ ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံးညီညွတ်စွာဖြင့် အ ကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌက တိုက် တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းတန်ချိန်(၃၅) တန်ခန့်ရောက်ရှိ

မြန်မာနိုင်ငံတွင် စက်တင်ဘာလအတွင်းကဖြစ် ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံး ရှုံးခဲ့ရခြင်းများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌အသုံးပြုရန် ရုရှားနိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက် ထားမှုအကူအညီပစ္စည်းတန်ချိန်(၃၅)တန်ခန့်ရောက်ရှိလာခဲ့သည်။ အဆိုပါ ပစ္စည်းများအား ရုရှားနိုင်ငံမှသယ်ယူပို့ ဆောင်ရေးလေယာဉ်ဖြင့်ပေးပို့ရာ နိုဝင်ဘာ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့သည်။ ထိုသို့ ရောက်ရှိလာပြီးနောက် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပရာ ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ လူကယ်ပြန် ဒု-ဝန်ကြီးဦးစိုးကြည်၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov တို့တက်ရောက်ခဲ့ကြသည်။ အဆိုပါ လူသားချင်းစာနာထောက်ထားမှုအကူ အညီပစ္စည်းများလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရုရှားသံအမတ်ကြီးနှင့် ရုရှားနိုင်ငံမှ အလှူရှင်အဖွဲ့အစည်းများကိုယ်စားတာဝန်ရှိသူတစ်ဦးတို့က...

အာရှတွင် အကျပ်အတည်းများဖြစ်လာစေရန် အမေရိက,က ထိုင်ဝမ်ကို အသုံးချနေ–ရုရှား

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အသုံးချ၍ အာရှတွင် ဆိုးဝါးသောအကျပ်အတည်း ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က ပြောဆိုသည်ဟု တာ့စ် သတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး ထိုင်ဝမ်နှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မော်စကိုက ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဝါရှင်တန်သည် ၎င်းတို့ထောက်ခံထားသည့် တရုတ်တစ်နိုင်ငံတည်းမူကို ချိုးဖောက်၍ လက်ရှိအနေအထားကို ထိန်းသိမ်းထားသည်ဆိုသော ကြွေးကြော်မှုအောက်တွင် ထိုင်ဝမ်နှင့် စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှု အားကောင်းလာသကဲ့သို့ လက်နက်ရောင်းချပေးမှုများလည်း တိုးမြှင့်လာသည်ကို မြင်တွေ့နေရသည်ဟု Rudenko က...

နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရသည့် အရက်အဆိပ်သင့်မှုအတွက် တရားမျှတမှုဖော်ဆောင်မည်ဟု လာအို ကတိပြု

မီသနောအဆိပ်သင့် အရက်သောက်သုံးမိမှုကြောင့် နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရခြင်းအတွက် အလွန်တရာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ယင်းကိစ္စတွင် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု လာအိုအစိုးရက ကတိပြုခဲ့သည်။ နာမည်ကျော် ခရီးသွားမြို့ Vang Vieng သို့ သွားရောက်လည်ပတ်ခဲ့ကာ အဆိပ်သင့်အရက်များ သောက်သုံးမိခဲ့သောကြောင့် ဒိန်းမတ်နှစ်ဦး၊ သြစတြေးလျနှစ်ဦး၊ ဗြိတိန်တစ်ဦးနှင့် အမေရိကန်တစ်ဦးတို့ သေဆုံးခဲ့သည်။ “ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့နဲ့ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ တရားမျှတမှုဖော်ဆောင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု အစိုးရက ပြောဆိုခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရ၏ ပထမဆုံး လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုအဖြစ် နိုဝင်ဘာ ၂၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071