Wednesday, November 27, 2024

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်၍ငွေ ကြေးလိမ်လည်သူ(၅)ဦးကို ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်ပြီး အယောင်ဆောင်ပြောဆိုကာ ငွေကြေးလိမ်လည်သူ (၅)ဦးအား နိုဝင်ဘာ ၁၇ ရက်ညနေပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ (Zero)မိုင်တိုးဂိတ်တွင်...

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီးအား...

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အခက်အခဲဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား IBEC ဆရာတော်က တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ...

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈...

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ...

ညောင်ဦးမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြင်းစီးအားကစားပွဲတော်ကို ၂၀၂၄ နှစ်...
HomeNewsLocal Newsငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ...

ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ကွင်းဆက်ပြစ်မှုကျူးလွန်သူများနှင့်အတူဖမ်းမိခဲ့

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်(၁၄)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ကွင်းဆက်ပြစ်မှုကျူးလွန်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက်(၃)ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများလွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်းသတင်းအရ နိုဝင်ဘာ ၁၇ ရက်နေ့လည် ၃ နာရီခန့်က စစ်ဆေးရာ စိုင်းဝဏ္ဏထွန်း(ခ)ဝဏ္ဏနှင့် စိုးမြင့်ထွန်းတို့အား ကားနှစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူပါ ဆပ်ပြာခွက်(၂၂၀)ခွက်စီပါ ဆာလာအိတ်(၆၇)အိတ်အတွင်းမှ ဘိန်းဖြူ(၁၄၇ ဒသမ ၄ ကီလို)၊ ဆာလာ အိတ်(၂၀)အိတ်အတွင်းမှ စိတ်ကြွဆေးပြား(၄၁ ဒသမ ၄၈ သိန်း)ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းတစ်လျှောက် ပါဝင်ခဲ့သည့် နောက်ထပ် ကွင်းဆက်တရားခံ ၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရရှိခဲ့သဖြင့် စုစုပေါင်း ငွေကျပ်(၁၄ ဒသမ ၅ ဘီလီယံ) ကျော်တန်ဖိုးရှိ ဘိန်းဖြူ(၃၃၂ ဒသမ ၂ ကီလို)၊ စိတ်ကြွဆေးပြား(၄၁ ဒသမ ၄၈ သိန်း)တို့အား ပြစ်မှုကျူးလွန်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်စစ်ဆေးလျက်ရှိပြီး ၎င်းတို့၏ ငွေကြေးများ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်၍ငွေ ကြေးလိမ်လည်သူ(၅)ဦးကို ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်ပြီး အယောင်ဆောင်ပြောဆိုကာ ငွေကြေးလိမ်လည်သူ (၅)ဦးအား နိုဝင်ဘာ ၁၇ ရက်ညနေပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ (Zero)မိုင်တိုးဂိတ်တွင် မကွေးတိုင်းမှ ရန်ကုန် တိုင်းသို့ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ကားပေါ်မှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်(၂၃)နှစ်၊ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ)လင်းမြတ်စံ(ခ) ကိုလင်း(၃၆)နှစ်၊ ဘိုဘိုထွန်း(၂၀)နှစ်၊ အောင်ဇာနည်ဖြိုး(၂၀)နှစ်၊ စိုးသီဟ(ခ)ဖြိုးသီဟဇော်(၃၂) နှစ်တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဖုန်းမျိုးစုံ(၆)လုံး၊ နှင်းမောင်မောင်လွင်၊ အောင်ထိုက်၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုးနှင့် စိုးသီဟ အမည်များပါရှိသည့် မှတ်ပုံတင် (၅)...

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီးအား IBEC ဆရာတော်တောင်းဆို

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အခက်အခဲဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား IBEC ဆရာတော်က တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် IBEC ဆရာတော်မှ ပုပ်ရ ဟန်းမင်းကြီးနှင့်တွေ့ဆုံစဥ် မြန်မာနိုင်ငံအကြောင်းတင်ပြဆွေးနွေးချိန်၌ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအခက်အခဲများကြုံတွေ့နေရသဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူများမှာ နိုင်ငံတ ကာအကူအညီများ၊ အာဟာရချို့တဲ့မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုမလုံလောက်ခြင်း၊ ပညာရေးအနှောင့်အယှက်များနှင့်ကြုံတွေ့နေရသော က -လေးများအတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီများလိုအပ်နေသည်ဟု တောင်းဆိုခဲ့သည်။ ထို့ပြင် စစ်ဘက်-အရပ်ဖက်အဖွဲ့အစည်းများကို...

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ ယနေ့ နိုဝင်ဘာ ၂၆ ရက်ည ၇ နာရီက အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၅/၂၀၂၄)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့်ကို ဗဟိုပြုနေကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅)မိုင်နှုန်းခန့်ဖြစ်ပြီး လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံဘက်သို့ရောက်ရှိနိုင်ခြင်းမရှိသော်လည်း အားကောင်းသောမုန်တိုင်းငယ်အ ရှိန်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071