Thursday, November 28, 2024

နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ...

လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးနှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒဿမ ၄) သန်းအထိ ရှိလာပြီဖြစ်ကြောင်း UN Myanmar က...

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍...

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်တိုးရီကပြောသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ...

မြန်မာ – ထိုင်း နယ်စပ်ဒေသ...

မြန်မာ - ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန...

ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ဟု ဆန်စပါးအသင်းချုပ်...

ပြည်တွင်းရှိ ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှု မပေါ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ နိုဝင်ဘာ (၂၇) ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက...
HomeNewsLocal Newsငွေစက္ကူအတုများရမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည်သည့် ဒက္ခိဏသီရိမြို့နယ်မှ...

ငွေစက္ကူအတုများရမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည်သည့် ဒက္ခိဏသီရိမြို့နယ်မှ အသက် (၁၈)နှစ်အရွယ် အမျိုးသမီးကိုဖမ်းမိ

လူမှုကွန်ယက်စာမျက်နှာ၌ ငွေစက္ကူအတုများရမည်ဟုရေးသားပြောဆိုကာ ငွေကြေးလိမ်လည်မှုများပြုလုပ်ခဲ့သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ လူမှုကွန်ယက်စာမျက်နှာ၌ နိုဝင်ဘာ ၁၇ ရက်က အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan အမည်ဖြင့် Facebook အကောင့်မှ “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ” စာသား နှင့်ငွေစက္ကူအတုပုံများ Post တင်ထားမှုကို စိစစ်တွေ့ရှိခဲ့သည်။

ထို့ကြောင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ ယင်း အကောင့်ပိုင်ရှင်ဖြစ်သူ မအေးအေးအောင်(၁၈)နှစ်အား ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် VIVO Y 83 အမျိုးအစား အနီရောင်ဖုန်း ၁ နှင့်အတူဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ၎င်းသည် ပို့စ်တင်မှုများပြုလုပ်ပြီးချိန်တွင် Viber မှတစ်ဆင့် ငွေစက္ကူအ တုဝယ်ယူရန် ဆက်သွယ်လာသူများအား ငွေစ က္ကူအစစ် ၁ ဆလျှင် ငွေစက္ကူအတု ၈ ဆရမည်၊ မြင်းခြံမြို့မှဆိုပါက အိမ်အရောက်ငွေချေပြုလုပ်၍ရမည်၊ ကျန်မြို့များအား စရံတစ်ဝက်ပေးချေ၍ ငွေစက္ကူအတုရရှိမှသာ ကျန်ငွေတစ် ဝက်အားဝယ်ယူ၍ရမည်ဟုပြောဆိုကာ Hnin Mya Wave pay အကောင့်အတွင်းသို့ ငွေလွှဲခိုင်းပြီး ငွေလွှဲရောက်ရှိပါက Viber အကောင့်အား Block ၍ ငွေကြေးများကို လိမ်လည်ရယူခဲ့ကြောင်းအား ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် မအေးအေးအောင်အား ဧည့်ဂေဟာနယ်မြေရဲစခန်းက (ပ)၆၈/၂၀၂၄၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့်အမှုဖွင့်ကာ တရားစွဲ ဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာပြီဖြစ်ကြောင်း UN အသိပေး

လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးနှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒဿမ ၄) သန်းအထိ ရှိလာပြီဖြစ်ကြောင်း UN Myanmar က ယမန်နေ့ နိုဝင်ဘာ (၂၇) ရက်တွင် အသိပေးထားသည်။ နိုင်ငံတစ်ဝန်း မရပ်မနားဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အရပ်သားထိခိုက်‌ေ-သဆုံးမှု မြင့်တက်နေပြီး အရပ်သားကာကွယ်စောင့်ရှောက်ရေးလိုအပ်ချက်နှင့်အတူ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကျပ်အတည်းမှာ ဆက်လက်ဆိုးဝါးနေဆဲဖြစ်ကြောင်း ဆိုသည်။ ထို့ကြောင့် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်များကို အဟန့်အတားမရှိ ခွင့်ပြုပေးရမည်ဖြစ်သလို အရပ်သားပြည်သူများထံ အကူအညီများရောက်ရှိရန် ကန့်သတ်ချက်တွေ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ဆိုသည်။ ယခု...

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်တိုးရီကပြောသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ နိုဝင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဉ် ဗိုလ်ချုပ်တိုးရီကပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး Online မှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများတွင်လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှုတို့အပေါ်အခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရန် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ပြင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ...

မြန်မာ – ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးတို့ ဆွေးနွေး

မြန်မာ - ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးစစ် မေနဖန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ယမန်နေ့ နိုဝင်ဘာ (၂၇)ရက်က လက်ခံတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071