ငွေကြေးတန်ဖိုးများကျချိန် နှင့် အိုင်ဖုန်း ၁၄ ထွက်ချိန်
ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် iPhoneများအား စျေးပိုပေးနေရ သကဲ့သို့ဖြစ်နေသည်။
ဂျပန်နိုင်ငံတွင် 128GB ပါရှိသည့် ပုံမှန် iPhone 14 မော်ဒယ်သည် စျေးနှုန်း ယန်း 119,800 ($841) ရှိပြီး လွန်ခဲ့သည့် တစ်နှစ်က ထွက်ရှိခဲ့သော iPhone 13 ထက် ၂၁% ခန့် စျေးမြင့်နေသည်။ တောင်ကိုးရီးယားနှင့် နှိုင်းယှဉ်ပါက ၁၅% ပိုများနေသည်။
အမေရိကန်တွင် iPhone 14 စျေးနှုန်းသည် နိုင်ငံတွင်း ငွေကြေးဖောင်းပွမှု သမိုင်းကြောင်းအရ မြင့်မားသော်လည်း မနှစ်က မော်ဒယ်နှင့် မပြောင်းလဲဘဲ ဒေါ်လာ ၇၉၉ ဖြစ်သည်။
ယန်းငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ၂၃% ကျဆင်းခဲ့ပြီး တောင်ကိုရီးယားဝမ်သည် ပြီးခဲ့သောနှစ်ကထက် ၁၆% ကျဆင်းခဲ့သည်။
Apple သည် အဆိုပါဈေးကွက်များတွင် အမြတ်အစွန်းရရှိမှုကို ထိန်းသိမ်းထားနိုင်ရန်ခက်လိမ့်မည်ဖြစ်ကြောင်းဂျပန်နိုင်ငံ MM Research Institute မှ အမှုဆောင်အရာရှိချုပ် Hideaki Yokota က ပြောကြားခဲ့သည်။
စီးပွားရေးနှေးကွေးခြင်းကြောင့် တရုတ်နိုင်ငံ၏ ဈေးနှုန်းသည် ယခင်အတိုင်း မပြောင်းလဲပေ။တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ သည် Apple ၏ တတိယအကြီးဆုံး ဈေးကွက်ဖြစ်သည်။
ယွမ်နှင့် ရူပီး နှစ်ခုစလုံးသည် ဒေါ်လာနှင့်ယှဉ်လျှင် ပြီးခဲ့သည့်နှစ်ထက် ၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။
အမေရိကန်နည်းပညာကုမ္ပဏီသည်ယူကရိန်းစစ်ကြောင့် ရုရှားနိုင်ငံမှ ထွက်ခွာသွားသော်လည်း Apple iPhone 14 အသစ်ကို ရုရှားနိုင်ငံသားများ ဝယ်ယူခွင့်ရရှိလိမ့်မည်ဖြစ်ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက RIA Novosti သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ရုရှားမိုဘိုင်းကွန်ရက် MTS သည် ကြာသပတေးနေ့နံနက်တွင် iPhone 14 မော်ဒယ်အသစ်များကို ကြိုတင်မှာယူမှုဖြင့် ရောင်းချနေပြီဖြစ်သည်။ စျေးနှုန်းများသည် 128 GB အတွက် 84,990 ရူဘယ် ($1,398) မှ စတင်ပါသည်။
Ref: nikkeiasia