စက်သုံးဆီစျေးနှုန်းထပ်မံကျဆင်း ယနေ့တွင် 92 Ron တစ်လီတာလျင် ၁၆၁၅ ကျပ်သာရှိ
စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၆ ရက်(ယနေ့) တွင် ထပ်မံကျဆင်းလာခဲ့သည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။
ထိုသို့ ထပ်မံကျဆင်းလာသဖြင့် ရန်ကုန်တိုင်းအ တွင်း 92 Ron တစ်လီတာလျင် ၁၆၁၅ ကျပ်ဖြစ် လာခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လား ရှိုး၊တောင်ကြီးတို့တွင်လည်း စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ၁၆၀၀ ကျပ်ကျော်သာရှိကြောင်း သိရသည်။
ထို့ပြင် မြစ်ကြီးနား၊စစ်တွေနှင့်လွိုင်ကော်တို့တွင် တစ်လီတာလျင် ၁၇၀၀ ကျပ်ကျော်ရှိကာ ဟားခါးတွင် ၁၉၀၀ ကျော်နှင့်ကျိုင်းတုံမြို့၌ ယမန်နေ့စျေးနှုန်းအတိုင်း 92 Ron တစ်လီတာလျင် ၂၆၉၅ ကျပ်ရှိကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၆၁၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၆၆၅ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၁၉၇၀ ကျပ် သတ်မှတ်ခဲ့သည်။
အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၀၂၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။
ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၅၂၆ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၅၇၉ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၁၈၇၀ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၁၉၂၅ ကျပ်တို့ဖြစ်သည်။
အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။