ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၂၅)သန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံခြားငွေများကိုဆက်တိုက် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ထိုကဲ့သို့ ရောင်းချပေးမှု အနေဖြင့် ဇန်နဝါရီ (၂) ရက်တွင် ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ် (၂ ဒသမ ၄၅၈)သန်းနှင့် တရုတ်ယွမ် (၆၈၀,၀၀၀) ခန့်၊ ဇန်နဝါရီ (၃)ရက်တွင် တရုတ်ယွ မ် (၅၁၀,၀၀၀) ကျော်၊ ဇန်နဝါရီ (၆) ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၈၇၁) သန်းကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ (၄)လအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သလို ယခုဘဏ္ဍာနှစ် (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ် လာ (၁) ဘီလီယံကို သီးသန့်ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားချက်အရ သိရသည်။