မတ်လ ၂၈ ရက်က ဒေသတွင်း နိုင်ငံများတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိ ငလျင်ကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် စင်ကာပူကြက်ခြေနီအဖွဲ့(SRC) က ဒေါ်လာ ၁၅၀,၀၀၀ ပေးအပ်သွားမည်ဟု ကတိပြုလိုက်သည်။
ကြီးမားသော သဘာဝဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် ေ-သဆုံးသူ ၁,၀၀၀ ကျော်ရှိပြီဖြစ်ကာ ၂,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ေ-သဆုံးဦးရေ တိုးလာဖွယ်ရှိနေသည်ဟုလည်း နောက်ဆုံးသတင်းများအရ သိရသည်။
အာဏာပိုင်များက အရေးပေါ် အခြေအနေကြေညာထားသည့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် အနည်းဆုံး လူ ၉ ဦး ေ-သဆုံးခဲ့သည်ဟု လက်ရှိ အတည်ပြုထားသည်။ ယင်းတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ပြိုကျမှုအတွင်း လူ ၈ ဦး ေ-သဆုံးခဲ့ကာ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဟု ဆိုသည်။
SRC ၏ ဒေါ်လာ ၁၅၀,၀၀၀ သည် ကနဦး ထောက်ပံ့လှူဒါန်းမှုဖြစ်ပြီး အများပြည်သူ ရန်ပုံငွေ ထည့်ဝင်ခြင်းမှ မကြာခင် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်သည်ဟု အဖွဲ့က မတ် ၂၉ ရက်တွင် ပြောဆိုခဲ့သည်။
ထောက်ပံ့ငွေများကို အစားအစာ၊ ရေ၊ စောင်၊ တာပေါ်လင်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများနှင့် မရှိမဖြစ် လိုအပ်သော ပစ္စည်းများကဲ့သို့ အရေးတကြီးလိုအပ်သော ကိစ္စများကို ဖြေရှင်းရန် ရည်ရွယ်သည်ဟု ဆိုသည်။
လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းအနေဖြင့် ဒဏ်ရာရရှိခဲ့သူများ၊ အိုးအိမ်မဲ့သွားရသူများနှင့်အရေးတကြီး အကူအညီလိုအပ်သူများစွာရှိနေသည့် ငလျင်ဒဏ်သင့် လူမှုအသိုက်အဝန်းများနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ်ပူပန်ကြောင်း SRC အထွေထွေ အတွင်းရေးမှူးနှင့် အမှုဆောင်အရာရှိချုပ် ဘင်ဂျမင် ဝီလီယမ်က ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်