စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးအမည်ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ရက်ချိန်းယူရန် လိ-မ်-လ-ည်မှုများရှိနေသည်ဟု စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေး ထုတ်ပြန်ထားသည်။
သံရုံးအနေဖြင့် အသုံးပြု၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ရက်ချိန်းယူရန် မည်သည့် လူပုဂ္ဂိုလ်၊ ဝန်ဆောင်မှုလုပ်ငန်းကိုမှ ဆောင်ရွက်ခွင့် မပြုထားကြောင်းလည်း သံရုံးက အသိပေးထားသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူများ အနေဖြင့် What sApp ဖုန်းနံပါတ် (+6581748993) နှင့် (+65 8246858 1) သို့ Passport (First Page)၊ IC Card (Front and back page) များပေးပို့၍ Appointment ကြိုတင်ယူရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောသည်။
သို့သော် ကြေညာချက်ကို မသိရှိသေးသည့် မြန်မာနိုင်ငံသားများအပေါ် သံရုံးရက်ချိန်းယူပေးမည်ဟုဆိုကာ သံရုံး၏ WhatsApp နံပါတ်များသို့ အချက်အလက်များပေး ပို့ခိုင်းပြီး ငွေကြေးများရယူနေကြောင်း နစ်နာသူများထံမှ စုံစမ်းသိရှိရသည်ဟု ဆိုသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ရက်ချိန်းရယူရန် သံရုံး၏ WhatsApp နံပတ်များသို့ ကာယကံရှင် ကိုယ်တိုင်ပေးပို့ကြရန်၊ မိသားစုဝင်ဖြစ်၍ ဖုန်းနံပတ်တခုတည်းမှ ပေးပို့မည်ဆိုပါကလည်း မိသားစုဝင်ဖြစ်ကြောင်း အထောက်အထား တွဲ၍ပေးပို့ရန်၊ မြန်မာသံရုံး Whats App နံပတ်များကို ပေးပို့ခြင်းများအတွက် အခကြေးငွေတောင်းခံမှုရှိပါက သံရုံး၏ နံပတ်ဖြစ်သော (+6581748 993)ကို အသိပေးကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထုတ်ပြန်ထားသည်။