စင်္ကာပူ၊ဇန်နဝါရီ ၂၂
စင်္ကာပူကျောင်းများ၌ မူလတန်းအရွယ် ကလေ-းများအတွက် တစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်ကျွေးမွေးမှုပုံစံကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။
ကလေ-းတစ်ဦးစီ၏ လူနေမှုပုံစံ သတ်မှတ်ချက်၊ကျန်းမာရေးစစ်ဆေးမှုရလဒ်များ၊ကာကွယ်ဆေးထိုးမှတ်တမ်းများနှင့် လိုအပ်ပါက ကျန်းမာရေး ဌာနများသို့ လွှဲပြောင်းပေးပို့ခြင်းများလည်းပါဝင်သည့် ယခုကျန်းမာရေးစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့် လူမှုရေး နှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
စာသင်နှစ်အစကတည်းက ကျောင်းသားမိဘများသည် ၎င်းတို့ကလေ-း၏အလေ့အကျင့် နှင့်ပတ်သက်သော အချက်အလက်များအတွက် က-လေး၏လူနေမှုပုံစံ စစ်တမ်း မေးခွန်းလွှာကို ဖြေဆိုရမည်ဖြစ်သည်ဟုဆိုသည်။
ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကလေ-းတစ်ဦးချင်းစီ၏ အမူအကျင့် နှင့် ကျန်းမာရေးအခြေအနေတို့နှင့် ပတ်သက်၍ မိဘများဖြည့်သွင်းထားသည့် မေးခွန်းလွှာမှအဖြေများကို အခြေခံ၍ ကလေ-းများ နှင့် ထိတွေ့ဆက်ဆံကာ အနာဂတ် နေထိုင်မှု ဘဝ ပုံစံ ရို ဆွေးနွေးရမည်ဖြစ်သည်။
ယင်းသို့ပြုလုပ်ပေးခြင်းအားဖြင့် ကလေ-းမိဘများအနေဖြင့်လည်း မိမိတို့ကလေ-းများနှင့်ကိုက်ညီသည့် ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်မှုပုံစံနှင့် တစ်ဦးချင်းအလေ့အကျင့်များကိုသိနိုင်လာမည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ