Singapore Civil Defence Force/ Operation Lionheart Contingent အဖွဲ့သည် ၎င်းတို့တပ်ဖွဲ့မှ ယူဆောင်လာသည့် ရှာဖွေကယ်ရေးလုပ်ငန်းသုံးပစ္စည်း ကိရိယာများထဲမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာ အမျိုးအစား (၁၁)မျိုးတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တွင် အသုံးပြုနိုင်ရေးအတွက် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းခဲ့သော ပစ္စည်းစာရင်းမှာ Festival dome/shade (၆)လုံး၊ Foldable tables & Benches (၄)လုံး၊ 1-Man Tent (၇၉)လုံး၊ Tent Lights (၈၀)လုံးခန့်၊ Inflable Pillow (၈၀)လုံးခန့်၊ Yoga mat (၈၀)ခုခန့်၊ Slippers (၅၀)ရံခန့်၊ Spray Paint (၁၀)ဘူးခန့်၊ Dog Food (၁)ပါကင်၊ 3M Mask (၅၀)ခုခန့်၊ Mini Cutter Battery (၁)လုံး၊Canned Food/ OTG တို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။