စစ်ဘေးရှောင် ပြည်သူများ ထောက်ပံ့ကူညီနိုင်ရေး အတွက် ရန်ပုံငွေဂီတ ပွဲတော်ကို မန္တလေး ဂီတမောင်နှမများ ပရဟိတ အသင်း က ရန်ကုန်မြို့မှ နိုင်ငံကျော် တေးသံ ရှင်များဖြင့် မန္တလေးမြို့၊ မနော်ရမ္မံ ဟစ်တိုင်ကွင်း၌ ဇန်နဝါရီလ ၂၇ ရက်၊ ညနေ၃နာရီတွင် ကျင်းပ မည်ဖြစ်ကြောင်း မန္တလေးဂီတ မောင်နှမများ ပရဟိတ အသင်းမှ သိရှိရသည်။
“စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ ကူညီဖို့အတွက် ဒီပွဲကို ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ဒီပွဲ က မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှု လှူဒါန်းလို့ရတဲ့ Free Show ပါ။ ကျွန်တော်တို့ အသင်း ကနေ စစ်ဘေးရှောင် ပြည်သူတွေ အတွက် မန္တလေးမြို့က မိတ်ဆွေတွေ ဆီမှာ ဖလားနဲ့ အလှူခံတယ်။ Show ပွဲလာအားပေးတဲ့ ပရိသတ် တွေဆီ ကနေ အနုပညာ ရှင်တွေနဲ့ အသင်းက မောင်နှမတွေက ဖလား နဲ့ အလှူခံပါမယ်။ ရရှိလာတဲ့ အလှူငွေ တွေ အကုန်လုံးကို စစ်ဘေးရှောင် ပြည်သူတွေကို သွားလှူပါမယ်။ ဘယ်ဒေသ သွားလှူမယ် ဆို တာကတော့ Show ပွဲပြီးမှ အစည်း ဝေးလုပ်ပြီး ဆုံးဖြတ် မှာဖြစ်ပါ တယ်”ဟု မန္တလေး ဂီတ မောင်နှများ ပရဟိတ အသင်းမှ အမှုဆောင် အဖွဲ့ဝင် တေးသံရှင် စိုးထက်က ပြောပြသည်။
အဆိုပါ ရန်ပုံငွေ ဖျော်ဖြေပွဲ တွင် တေးသံရှင် ဖိုးသောကြာ၊ ဗညားဟန်၊ အောင်ကျော်ဆန်း၊ စိုးထက်၊ မိုးထက်မြင့် ၊ ဇော်မျိုးထက် မြင့်မိုရ်၊ ရွှေရည်သိန်းတန်၊ ပန်းအိဖြူ၊ အိအိချွန်၊ အိအိမွန် တို့ကမန္တလေး ဂီတမောင်နှမများ နှင့်တွဲဖက် ဖျော် ဖြေ သီဆိုကြ မည်ဖြစ်ကြောင်း သိရှိရ သည်။
ချမ်းသာ