စစ်ကိုင်းတိုင်းရှိ ယာယီနေရပ်စွန်ခွာပြည်သူ (၅,၁၃၉) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၇၀,၀၀၀ )စီနှင့် အစားအစာမဟုတ်သော ပစ္စည်းများ (Non Food Items- NFI)ကို ယခုလအတွင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁,၅၈၁) စုအား စောင် (၁,၅၈၁) ထည်၊ ခြင်ထောင် (၁,၅၈၁) လုံး၊ ဖျာ (၉၉၆) ချပ်၊ တာပေါ်လင်စ (၂,၅၂၇) စ၊ ဆိုလာမီးအိမ် (၁,၅၈၁) လုံး၊ ကလေ-းမီးဖွားသန့်စင်သုံးပစ္စည်းပုံး (၁၁) ပုံး၊ ကလေ-းများစိတ်ပိုင်းဆိုင်ရာအားပေးကူညီသည့် ကစားစရာအိတ် (၁၉၆) အိတ်၊ မွေးကင်းစကလေ-းသုံးပစ္စည်းထုပ် (၆၀) ထုပ်၊ သောက်ရေပုံး(ဂျယ်လီကန်) (၁,၅၈၁) ပုံး၊ ဖိနပ် (၁၅၈၁) ရံ၊အမျိုးသား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၊၁၉၈) ခုနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁,၃၈၉) ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဆေးကုသရန်အခက်အခဲရှိသူနေရပ်စွန့်ခွာပြည်သူများအတွက် ရွေ့လျားကြက်ခြေနီဆေးကုသခန်းများကို နိုဝင်ဘာလ (၆) ရက်နေ့မှ (၂၃) ရက်နေ့အထိ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်ဓမ္မာရုံများတွင် ဖွင့်လှစ်ပေးခဲ့ပြီး၊ လူဦးရေပေါင်း (၂,၈၉၅) ဦးကို ဆေးကုသပေးနိုင်ပြီး လူဦးရေပေါင်း (၄၈၁) ဦးကို ကျန်းမာရေးအသိပညာပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အသိပေးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ငွေသားနှင့် လူကုန်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်မှုနှင့် ဆေးကုသမှု အစီအစဉ်အား နော်ဝေနိုင်ငံကြက်ခြေနီအသင်းမှလည်းကောင်း၊ အစားအစာမဟုတ်သောပစ္စည်းများထောက်ပံ့မှုအစီအစဉ်ကို ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှလည်းကောင်းပံ့ပိုးကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယာယီနေရပ်စွန်ခွာ ပြည်သူများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ရောက်ရှိ ခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။