Monday, November 18, 2024

AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား...

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရှိ လာအိုနိုင်ငံထံမှ မလေးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်...

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လေရှီးမြို့ - ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့်ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်မှုမှာ...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။ “ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ရန်...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့ပြီး ရွှေစင် (၄၇၃၉) ချပ် အလှူရရှိထားကြောင်း သိရသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန...
HomeNewsLocal Newsစစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက...

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင် ယခုနှစ် မိုးစပါး (၁၈ ၀၈၂၅၇) ဧက လျာထားစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၄၇၇၅) ဧ က ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။

“မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ တောင်ယာစပါး၊ ရက်(၉၀)၊ ကောက်ညှင်း၊ GW-11၊ ရွှေသွယ်ရင်၊ လုံးသွယ်မွှေး၊ ရွှေရင်‌အေး၊ YSR-1 မျိုးတွေစိုက်ကြတာပါ။အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်သူ လယ်သမားများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်တွင် (၇၂၄၁၈) ဧက၊ တမူးခရိုင် တွင် (၄၈၇၁၆) ဧက၊ ကလေးခရိုင်တွင် (၁၇ ၆၆၅၉) ဧက၊ ခန္တီးခရိုင်တွင် (၈၂၇၉) ဧက၊ ဟုမ္မလင်းခရိုင်တွင် (၆၃၈၁၄) ဧက၊ နာဂဒေသတွင် (၂၅၄၂၈)ဧက၊ မုံရွာခ ရိုင်တွင် (၇၃၈၆၆) ဧက၊ ယင်းမာပင်ခရိုင်တွင် (၁၀၂၈၃၁) ဧ က၊ ရွှေဘိုခရိုင်တွင် (၃၄၅၉၃၁) ဧက၊ ရေဦးခရိုင်တွင် (၂၉ ၅၆၁၄) ဧက၊ ကန့်ဘူခရိုင်တွင် (၁၈၅၀၅၇)ဧက၊ စစ်ကိုင်းခရိုင်တွင် (၄၃၈၁၉) ဧက၊ ကသာခရိုင်တွင် (၁၇၃၁၅၂) ဧက၊ ကောလင်းခရိုင်တွင် (၁၉၂၆၇၃) ဧက၊ စုစုပေါင်း (၁၈၀၈၂ ၅၇) ဧကကို မေလဆန်းမှ စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုးစပါးရိတ်သိမ်းရာတွင် တစ်ဧက ပျမ်းမျှအထွက်နှုန်း (၆၃ ဒသမ ၇၂) ရာခိုင်နှုန်းဖြင့် စုစုပေါင်း စပါးတင်းပေါင်း (၉၄ ၁၄၀၈) ထွက်ရှိကာ ကျန်ရှိမိုးစပါးများကို ဇန်နဝါရီလကုန်အထိ ဆက်လက်ရိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား မလေးရှားနိုင်ငံမှ ဆက်လက် တာဝန်ယူ ဆောင်ရွက်မည်

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရှိ လာအိုနိုင်ငံထံမှ မလေးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး(၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများကို လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လွမ်ပရာဘန်မြို့တွင် နိုဝင်ဘာ (၁၂) ရက်မှ (၁၅)ရက်အထိ ကျင်းပခဲ့ပြီး AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ...

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လေရှီးမြို့ - ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့်ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်မှုမှာ (၇၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် - ၈၀၁ မီတာ၊ အကျယ် - ၉.၄ မီတာ၊ တံတားအခန်းပေါင်း - ၁၅ ခန်း ၊ ရေ လမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း ‌သိရသည်။ နိုဝင်ဘာလ (၁၈)...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း ဒေါ်နယ်ထရမ့်ဂျူနီယာဆို

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။ “ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့ အခွင့်အရေး မရသေးခင် တတိယကမ္ဘာစစ်ကို ဖြစ်လာစေချင်ပုံရတယ်” ဟု ရုရှားသို့ နက်ရှိုင်းစွာ ဝင်ရောက်တိုက်ခိုက်ရန် အမေရိကန် တာဝေးပစ် ဒုံးကျည်များ အသုံးပြုခြင်းအပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်နှင့် ပတ်သက်၍ သူကမှတ်ချက်ပေး ပြောကြားခဲ့ပါသည်။ "အသက်တွေဟာ တန်ဖိုးမဲ့တဲ့ အရာတွေမဟုတ်ဘူး။ အဖိုးအတန်ဆုံး"ဟုလည်း သူကဆိုသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071