စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များကိုမတ်လ (၁၄) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရိပ်သာရှိ ဧည့်ခန်းမတွင် စစ်ကိုင်းမြို့၊ တရားမဝင် ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။
“ခရီးသွားပြည်သူတွေ လုံခြုံ အေးချမ်းစွာနဲ့ ခရီးသွားလာနိုင်ရေး၊ ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ မိမိတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းအပေါ် တာဝန်ကျေပွန်လိုစိတ်နဲ့ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက် သွားကြဖို့လိုအပ်ပါတယ်။ မြို့ဝင်မြို့ထွက်လုံခြုံရေးဂိတ်တွေမှာ ခရီးသည်တင်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်တွေကို တရားမဝင်ငွေကြေးကောက်ခံမှုတွေ မရှိစေဖို့၊ တရားမဝင်ကုန်ပစ္စည်းတွေ တင်ဆော င်တာမရှိစေဖို့နဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အဂတိတရားက င်းရှင်းစွာနဲ့ ဆောင် ရွက်သွားကြဖို့ လိုအပ်ပါတယ်။ပြည်သူနဲ့ ထိတွေ့ရတဲ့ လုပ်ငန်းတွေအပေါ် နွေးထွေးပျုငှာစွာဝန်ထမ်း ကောင်းစိတ်ဓါတ်နဲ့ ပြောဆိုဆက်ဆံသွားကြဖို့ လိုအပ်ပါတ ယ်။ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လုံခြုံရေးအသိ၊ သတိတို့နဲ့ နေ ထိုင်သွားလာဆောင်ရွက်ကြဖို့လိုအပ်ပါ တယ်” ဟု ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား (ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ရှိ စုပေါင်းလုံခြုံရေးအဖွဲ့ များမှတာဝန်ရှိသူများက ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ် သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တာဝန်ရှိသူများကလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ဖြည့်စွ က်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။