စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ နှစ်(၇၀၀)ပြည့်အားကစားကွင်းရှိ ယာယီဆေးရုံံ၌ ငလျင်ဒဏ်သင့်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၉ ရက်နံနက်ပိုင်းက တွေ့ ဆုံခဲ့သည်။
နစက ဥက္ကဋ္ဌမှ မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ဝင်များအား တစ်ဦးချင်းနှုတ်ဆက်၍ကျေးဇူးတင်စကားပြောကြားပြီး လက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့ပြင် နစက ဥက္ကဋ္ဌသည် စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး၏ ယာယီဆေးရုံအတွင်း၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် ဒေသခံများကို အားပေး စကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီးနောက် ပြည်သူ့ဆေးရုံကြီးအတွင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ နစက ဥက္ကဋ္ဌသည် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင်ရောက်ရှိခိုလှုံနေသည့် ငလျင်ဒဏ်သင့်သူများအားနေရာချထားမှုနှင့် စာသင်ဆောင်များထိခိုက်ပျက်စီးခဲ့ရမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးပြီးနောက် ပြန်လည်ပြုပြင်၍ရနိုင်သေးသည့် ကျောင်းဆောင်များအား ကျောင်းဖွင့်ချိန်မတိုင်မီစနစ်တကျပြန်လည်ပြုပြင်ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ပြုပြင်၍မရသည့် အန္တရာယ်ရှိကျောင်းဆောင်များကို စနစ်တကျဖြိုချရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
