စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်းမှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးပြီး ပိတ်မိနေသူ အမျိုးသား (၁)ဦးအား ငလျင်လှုပ်ခတ်ခဲ့ပြီး (၅) ရက်မြောက်နေ့တွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်းမှာ ပြိုကျပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ ၅ ရက်မြောက်နေ့၊ (၁၂၂) နာရီအကြာ ယနေ့ ဧပြီ (၂)ရက်၊ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်တွင် ပိတ်မိနေသူ အမျိုးသား (၁)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။