စစ်တပ်၏ အခန်းကဏ္ဍကို နိုင်ငံရေးမှ ဖယ်ထုတ်ပြီး စဉ်းစား၍ မဖြစ်နိုင်ဟု ဦးကိုကိုကြီးပြော
မြန်မာ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းသည့်နေရာတွင် လတ်တလောအခြေအနေတွင် စစ်တပ် ၏ အခန်းကဏ္ဍကို နိုင်ငံရေးမှ ဖယ်ထုတ်ပြီး စဉ်း စား၍ မဖြစ်နိုင်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
နိုင်ငံရေးဆွေးနွေးမှုများမှတဆင့် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရန် လွယ်ကူနိုင်သည့်အလားအလာရှိမရှိ မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
” အဓိကက နိုင်ငံရေးအရ ဒီပဋိပက္ခမှာ ပါဝင်ပတ် သက်နေတဲ့ ပုဂ္ဂိုလ်တွေကြားထဲမှာ နိုင်ငံရေးဆွေး နွေးမှုတွေ ဖြစ်ပေါ်လာဖို့ ဒါက အရေးကြီးပါတယ်။နောက်တစ်ခုကတော့ လက်တွေ့ကျကျ မြန်မာ့နိုင်ငံ ရေးကို ဖြေရှင်းမယ် ဆိုရင် လတ်တလောမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးကနေ ဖယ်ထုတ်ပြီးတော့ စဉ်းစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဦးကိုကိုကြီးက ပြောသည်။
ထို့ကြောင့် ဘက်အသီးသီးမှ စဉ်းစားသူများအနေ ဖြင့် ပကတိအခြေအနေပေါ်တွင် လက်တွေ့ကျကျ ချဉ်းကပ်ရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။
စစ်တပ်မှ အာဏာရယူထားသည့် နောက်ပိုင်း တစ် နိုင်ငံလုံး အနေအထားဖြင့် တင်းမာမှုများ ဖြစ်ပေါ်နေပြီး ယင်း တင်းမာမှုများကိုဖြေရှင်း နိုင်ငံရေး ဆွေး နွေးမှုများ လုပ်ဆောင်သွားသင့်ကြောင်းလည်း ဦးကိုကိုကြီးက ပြောသည်။