ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် စစ်ဖက်ဆိုင်ရာအသုံးစရိတ်ကို အတည်ပြုလိုက်သည်ဟု တနင်္ဂနွေနေ့က အစိုးရ၏ ဥပဒေပြုမှုဆိုင်ရာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။
စစ်တပ်၏ အသုံးစရိတ်ကို ၂၅ ရာခိုင်နှုန်းတိုးမြှင့်ထားခြင်း ပါဝင်သော လာမည့်နှစ်အတွက် နိုင်ငံတော်အသုံးစရိတ်သည် ဆိုဗီယက်ခေတ်လွန်သမိုင်းတွင် လျှို့ဝှက်မှုအရှိဆုံးဖြစ်ပြီး အသုံးစရိတ်အားလုံး၏ သုံးပုံတစ်ပုံနီးပါးကို အများသူငှာက စိစစ်နိုင်ခြင်းမရှိပေ။
မော်စကိုက ယူကရိန်း အထူးစစ်ဆင်ရေးဟု သုံးနှုန်းသော စစ်ဆင်ရေးနှင့် စစ်တပ်အတွက် ထောက်ပံ့မှုလိုအပ်ချက်များကြောင့် လူမှုရေးလိုအပ်ချက်များနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အတူ ဘတ်ဂျက်ဦးစားပေးအဖြစ် ဆက်ရှိနေမည်ဖြစ်သည်ဟု အစိုးရက ပြောကြားခဲ့သည်။
ဟန်ချက်ညီ ဘတ်ဂျက်မူကြမ်းအဖြစ် အစိုးရက တင်ပြခဲ့ပြီး ယခုနှစ်အတွက် လိုငွေပြမှုမှာ ၁ ဒဿမ ၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒဿမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်းနှင့် နောက်သုံးနှစ်အတွက် နိုင်ငံတော်ကြွေးမြီသည် ၂၀ ရာခိုင်နှုန်းအမှတ်အောက် ဆက်ရှိနေမည်ဖြစ်သည်ဟု ဆိုခဲ့သည်။
Ref: အိန္ဒိယတူဒေး