Wednesday, March 26, 2025

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက် ခွင့်ရပြီဖြစ်သည့်...

ယခုနှစ် ကျင်းပပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ ပြည်တွင်းကလပ်အသင်းတစ်သင်းဖြစ်သည့် Young Boy FC က တန်းတက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း နေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။ တန်းတက်ခွင့်ရရှိရန်အတွက် MNL...

သင်္ကြန်ပိတ်ရက်များတွင် ပြတိုက်များ ပိတ်ထားမည်

သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်များ၌ အမျိုးသားပြတိုက် အပါအဝင် ပြတိုက်များနှင့် ဇုန်ဝင်ကြေးကောက်ခံသည့် ဂိတ်များကို ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ ပြတိုက်များကို ဧပြီ ၁၂ ရက်နေ့မှ...

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ မနုဟာဘုရားကြီးအား ရွှေသင်္ကန်း မကပ်လှူမှီ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ မြင်းကပါကျေးရွာရှိ မနုဟာဘုရားကြီး ထီးတော်နှင့် အရံစေတီများ ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဖြစ်ပြီး ရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်နိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့်အညီ...

ဇေကမ္ဘာဝန်းအတွင်း ထီလိုက်ရောင်းသည့် ကားနှင့် အိမ်စီးကားတို့...

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း ထီလိုက်ရောင်းသည့် ကားနှင့် အိမ်စီးကားတို့ တိုက်မိမှုဖြစ်ပွားရာ ထီရောင်းသည့် ကားပေါ်ပါ (၁၁)ဦး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့...
HomeNewsLocal Newsစစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများကို...

စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရက်မတိုင်ခင်တစ်ရက်၏ ညနေပိုင်းအထိစာရင်းပေးဖြေဆိုခွင့်ပြု

စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရက်မတိုင်ခင်တစ်ရက်၏ ညနေပိုင်းအထိစာရင်းပေးဖြေဆိုခွင့်ပြုထားသည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ပြော သည်။

၎င်းမှ ဖေဖော်ဝါရီ ၂၈ ရက်က တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နယ်မြေဒေသတွင်အခက်အခဲရှိ၍ လက်ရှိရောက်ရှိနေထိုင်ရာဒေသရှိ စာစစ်ဌာနတွင်ဖြေဆိုလိုသူ ကျောင်းသားများရှိပါက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရက်မတိုင်ခင်တစ်ရက်၏ ညနေပိုင်းအထိစာရင်းပေးသွင်းဖြေဆိုခွင့်ပြုထားသည်ဟု ပြောသည်။

ထို့ပြင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစိတ်အေးချမ်းသာစွာ ဖြေဆိုခွင့်ရရှိရန် အခြေခံပညာရုံးရာထူးအဆင့်ဆင့်တာဝန်ရှိသူများက အစွမ်းကုန်ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး ပညာရှင်၊ပညာတတ်များမွေးထုတ်ပေးရာ ပညာရပ်ဝန်းကျင်တွင် မိမိတို့၏ကိုယ်နှုတ်ပြုမူချက်များ ထိန်းသိမ်းကြရမည်ဟု ပြောသည်။

” အမျိုးသားရေးစရိုက်လက္ခဏာတွေထိန်းသိမ်းရေးနဲ့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ ပညာတတ်လူတော်တွေမွေးထုတ်ပေးနိုင်ဖို့အတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလိုပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူတွေ အေးချမ်းစွာဖြေဆိုနိုင်ဖို့နဲ့ စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် အ လေးထားဆောင်ရွက်ကြရပါမယ်”ဟု ပြည် ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ပြော သည်။

ထို့နောက် ဒု-ဝန်ကြီးဒေါက်တာဇော်မြင့်၊ ဒု-ဝန် ကြီးဦးနေမျိုးလှိုင်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်း လင်းတင်ပြခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက် ခွင့်ရပြီဖြစ်သည့် Young Boy အသင်း

ယခုနှစ် ကျင်းပပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ ပြည်တွင်းကလပ်အသင်းတစ်သင်းဖြစ်သည့် Young Boy FC က တန်းတက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း နေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။ တန်းတက်ခွင့်ရရှိရန်အတွက် MNL 2 Promotion Amateur Club Tournament 2025ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် Young Boy အသင်းသည် ယနေ့မတ်လ (၂၆)ရက် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း 10/Mon FC ကို (၃)ဂိုး(၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ Young Boy FCအသင်းအတွက်သွင်းဂိုးများကို အောင်သက်စံ၊ ပြည့်အောင်သိန်း၊ ကျော်ပြည့်စုံတို့က...

သင်္ကြန်ပိတ်ရက်များတွင် ပြတိုက်များ ပိတ်ထားမည်

သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်များ၌ အမျိုးသားပြတိုက် အပါအဝင် ပြတိုက်များနှင့် ဇုန်ဝင်ကြေးကောက်ခံသည့် ဂိတ်များကို ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ ပြတိုက်များကို ဧပြီ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပိတ်ထားမည် ဖြစ်ကာ ဇုန်ဝင်ကြေးကောက်ခံသည့် ဂိတ်များကို ဧပြီ၁၃ မှ ဧပြီ၁၇ ထိ ပိတ်ထားမည် ဖြစ်သည်။ သို့သော် ခရီးသွားများပြားသည့် ပုဂံ၊ အင်းဝ ယဉ်ကျေးမှုဒေသများကိုတော့ ခရီးသွားများ သွားရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ မနုဟာဘုရားကြီးအား ရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်နိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့်အညီ လေမိုက်တင်ဒါခေါ်ယူမည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ မြင်းကပါကျေးရွာရှိ မနုဟာဘုရားကြီး ထီးတော်နှင့် အရံစေတီများ ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဖြစ်ပြီး ရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်နိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့်အညီ လေမိုက်တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ မနုဟာဘုရားကြီး ထီးတော်နှင့် အရံစေတီ (၂၇) ဆူ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးကို မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးခန်း၌ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးကို ယမန်နေ့ မတ်လ (၂၅)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မနုဟာဘုရားကြီးရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်လေမိုက်တင်ဒါခေါ်ယူနိုင်ရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071