Wednesday, December 11, 2024

သစ္စ-ာဖောက်သည်ဆိုသော စွပ်စွဲချက်များကို မဟာသီယာ ငြင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က သူသည် တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်သွားခဲ့သည်။ ၂၀၁၈ ခုနှစ်က အငြင်းပွား‌ေန‌ေသာကျွန်းငယ်နှစ်ကျွန်းနှင့်ပတ်သက်၍ ရပ်တည်ချက်ကို စွန့်လွှတ်ရန်...

မုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ်...

မုံရွာမြို့၊ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ် နတ်တော်လဆန်း (၁၁)ရက် ၊ ဒီဇင်ဘာလ (၁၁)ရက်မှစတင်၍ လယ်တီကျောက်စာတိုက်ကြီးအတွင်း လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ ၁၃၈၆ခု၊...

မြန်မာနိုင်ငံတွင် အသိအမှတ်ပြုလက်မှတ်ထုတ် ပေးထားသည့် အလုပ်သမားအဖွဲ့အစည်း...

မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုလက် မှတ်ထုတ်ပေးထားသည့် အလုပ်သမားအဖွဲ့အ စည်းပေါင်း(၃၀၅၄)ဖွဲ့ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား...

ဝ ဒေသ၏ (၁၇၁) စစ်ဒေသအတွင်းသို့...

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် "ဝ" ဒေသ (၁၇၁) စစ်ဒေသအတွင်းသို့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသစစ်ဌာနချုပ် တိုင်းမှူး လာရောက်ခဲ့ကြောင်း WUSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက...
HomeInternationalစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခြင်းနှင့် ပတ်သက် သမ္မတရုံးကို...

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခြင်းနှင့် ပတ်သက် သမ္မတရုံးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း သ-တ်သေရန်ကြိုးစား

ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယားနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဖော်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ဆိုးလ်မြို့ရှိ သမ္မတရုံးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။

စွပ်စွဲပြစ်တင်မှုအပြင် ရာထူးကဆင်းပေးရန် တောင်းဆိုမှု အများအပြားရှိနေသော်လည်း သမ္မတရာထူးကို ဆက်လက်ခံယူနေသည့် သမ္မတ ယွန်ဆွတ်ယိုသည် သူပုန်ထမှုနှင့် နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်များဖြင့် အစိုးရဌာနခွဲအသီးသီး၏ စုံစမ်းစစ်ဆေးမှုအများအပြားကို ရင်ဆိုင်နေရသည်။

တစ်ချိန်တည်းမှာပင် စစ်အုပ်ချုပ်ရေးကြေညာမှုကို တာဝန်ယူခဲ့သည့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းကလည်း ထိန်းသိမ်းခံနေရစဉ်တွင် မိမိကိုယ်ကို သ-တ်သေရန် ကြိုးပမ်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကင်ယောင်ဟွန်းအား တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အစောင့်အကြပ်များဖြင့် ထားရှိထားပြီး လောလောဆယ်တွင် ကျန်းမာရေးပြဿနာမရှိကြောင်း ဝန်ကြီးဌာနက လွှတ်တော်သို့ ပြောကြားခဲ့သည်။

သမ္မတ ယွန်ဆွတ်ယိုနှင့် နီးစပ်သော အဆင့်မြင့်အရာရှိအများအပြားသည်လည်း စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အချိန်တိုအတွင်း ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။

ယခုအခါ တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သစ္စ-ာဖောက်သည်ဆိုသော စွပ်စွဲချက်များကို မဟာသီယာ ငြင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က သူသည် တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်သွားခဲ့သည်။ ၂၀၁၈ ခုနှစ်က အငြင်းပွား‌ေန‌ေသာကျွန်းငယ်နှစ်ကျွန်းနှင့်ပတ်သက်၍ ရပ်တည်ချက်ကို စွန့်လွှတ်ရန် အစိုးရက ဆုံးဖြတ်ခဲ့မှုအပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးရန် တော်ဝင်စုံစမ်းရေးကော်မရှင်က တောင်းဆိုခဲ့ပြီးနောက် သူ၏ ငြင်းဆိုချက်ထွက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ၎င်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က မလေးရှားနှင့် စင်ကာပူနိုင်ငံအကြားရှိ Pedra Brabca ကျွန်းငယ်၏ အချုပ်အခြာပိုင်မှုဆိုင်ရာ ကမ္ဘာ့တရားရုံး၏ စီရင်ချက် ပျက်ပြယ်စေရေးတွင် မလေးရှား၏ တရားရေးပြိုင်ဆိုင်မှုကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည့်အတွက်...

မုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲကျင်းပ

မုံရွာမြို့၊ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ် နတ်တော်လဆန်း (၁၁)ရက် ၊ ဒီဇင်ဘာလ (၁၁)ရက်မှစတင်၍ လယ်တီကျောက်စာတိုက်ကြီးအတွင်း လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ ၁၃၈၆ခု၊ နတ်တော်လဆန်း (၁၃)ရက် ၊ဒီဇင်ဘာလ (၁၃)ရက်တွင် ကျရောက်သော ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ် နတ်တော်လဆန်း (၁၁)ရက်၊ (၁၂)ရက် နှင့် (၁၃) ရက်များတွင် နေ့စဥ် နံနက် (၇)နာရီမှ ည (၇)နာရီ အထိ မဟာလယ်တီကျောင်းတိုက် သံဃာတော်များက လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ...

မြန်မာနိုင်ငံတွင် အသိအမှတ်ပြုလက်မှတ်ထုတ် ပေးထားသည့် အလုပ်သမားအဖွဲ့အစည်း (၃၀၀၀)ကျော်ရှိ

မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုလက် မှတ်ထုတ်ပေးထားသည့် အလုပ်သမားအဖွဲ့အ စည်းပေါင်း(၃၀၅၄)ဖွဲ့ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ယနေ့အ ချိန်အထိ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း(၂၈၃၃) ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း(၂၆)ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း(၁၅၈)ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း(၁)ဖွဲ့၊ တိုင်း/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း(၂၅)ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် (၉)ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ်(၁)ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(၁)ဖွဲ့ (စုစုပေါင်း ၃၀၅၄ ဖွဲ့)ရှိသည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071