Thursday, January 23, 2025

မိုဒီနှင့်ထရမ့်ပ်နောက်လတွေ့နိုင်ရန်နှစ်နိုင်ငံစီစဉ်နေ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ နှစ်ဦး လာမည့်လတွင် ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက စီစဉ်လျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ပါက မဟာဗျူဟာမိတ်ဖက်နှစ်နိုင်ငံအကြား...

ပါချုပ်ဆရာတော်ကြီး၏ သက်တော် (၈၅)နှစ်ပြည့် မွေးနေ့ပူဇာပွဲ၌...

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ သက်တော်(၈၅)နှစ်ပြည့် မွေးနေ့ပူဇာပွဲကို လာမည့် မတ် (၁၃) ရက်တွင် မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွ င်မြို့၊...

တရုတ်နှစ်သစ်ကူးပွဲတော် အတွက် ရန်ကုန်မြို့တွင် တွေ့မြင်ရမှုများ

မကြာခင်ကျရောက်မည့် မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာသည်နှင့် အမျှ ရန်ကုန်မြို့၊ စျေးဝယ်စင်တာများတွင် တရုတ်နှစ်ကူးကို ကြိုဆိုရန် ပြင်ဆင်ထားသည့် မြင်ကွင်းများ ဖြစ်သည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုသည့်အနေဖြင့်လည်း...

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး...

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ်...
HomeNewsLocal Newsစဉ့်အင်တံတား ပြန်လည်ဖြတ်သန်းခွင့်ပြု

စဉ့်အင်တံတား ပြန်လည်ဖြတ်သန်းခွင့်ပြု

ရှမ်း/မြောက် သီပေါ-လားရှိုးအကြားပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားကို ဇန်နဝါရီ(၂၂)ရက်မှစတင်၍ ပြန်လည်ဖြတ်သန်းခွင့်ပြုပီုဖြစ်ကြောင်း ဒေသတွင်းခရီးသွားတစ်ဦးထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၁၆)ရက်တွင်တံတားကြံ့ခိုင်ရေးပိုမို ကောင်းမွန်စေရန်ပြန်လည်ပြင်ဆင်မှုများမှုပြုလုပ်ခဲ့ပြီး၊ (၇)ရက်အကြာပြန်လည်ဖြတ်သန်းခွင့်ပြုခြင်းဖြစ်သည်။

ယင်း တံတားပြင်ဆင်နေသည့် အချိန်အတွင်းတွင်လည်း စဉ့်အင်ဖောင်ဆိပ်ကို
နံနက် (၇)နာရီမှ ည(၇)နာရီအထိ အတက်အဆင်းယာဉ်များကို ကမ်းကူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စဉ့်အင်တံတားကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း (၄)ရက်ကြာ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ကာ ခံနိုင်ဝန်အား စစ်ဆေးခဲ့ကြသေးကြောင်း သိရသည်။

စဉ့်အင်တံတားမှာ ရှမ်း/မြောက်အတွင်း ဖြစ်ပွားခဲ့သည့် ၁၀၂၇ ပထမ အကျော့တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့ပြီးနောက် (၉)လခန့် အကြာတွင် ပြန်လည်ပြုပြင်၍ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ စဥ့်အင်တံတားမှ ဖြတ်သန်းခွင့်မပြုခင်အချိန်က ဒေသတွင်းခရီးသွားများအနေဖြင့် နမ့်လန်မှ ဆောင်ကြဲအထိ (၃)နာရီကြာ တောလမ်းများမှတဆင့် မောင်းနှင်ကြရပြီး ဆောင်ကြဲမှ ဟိုယ-နမ့်ပေါင်-လားရှိုးသို့ တစ်ကွေ့တစ်ပတ်သွားလာခဲ့ကြရကြောင်း သိရသည်။

ရှမ်း/မြောက်အတွင်း ပထမဆုံးဖြစ်ပွားခဲ့သည့်(၁၀၂၇)တိုက်ပွဲအတွင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ကျောက်မဲ- သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့ ပျက်ဆီးခဲ့ရသည်။

ဓာတ်ပုံ-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုဒီနှင့်ထရမ့်ပ်နောက်လတွေ့နိုင်ရန်နှစ်နိုင်ငံစီစဉ်နေ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ နှစ်ဦး လာမည့်လတွင် ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက စီစဉ်လျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ပါက မဟာဗျူဟာမိတ်ဖက်နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာစေနိုင်ပြီး အထူးသဖြင့် တရုတ်နိုင်ငံအပေါ် တန်ပြန်ရန်၊ ကုန်သွယ်မှုဆက်ဆံရေး မြှင့်တင်ရန်နှင့် ကျွမ်းကျင်လုပ်သားဆိုင်ရာ ဗီဇာလုပ်ငန်းစဉ် လျှော့ချနိုင်ရေးတို့ကို မျှော်လင့်ရသည်။ အဆိုပါ အကြောင်းအရာများသည် ဆွေးနွေးပွဲတွင် ပါဝင်ဖွယ်ရှိသော အဓိက အကြောင်းအရာများဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ပြောကြသည်။ ထရမ့်ပ်၏ အိမ်ဖြူတော် တစ်ကျော့ပြန်ခရီးသည် အိန္ဒိယကုန်စည်များအပေါ် အခွန်စည်းကြပ်မှုအသစ်များ ပြဌာန်းလာနိုင်သည့် အလားအလာရှိ‌ေနသည့်အတွက် နူးဒေလီကို...

ပါချုပ်ဆရာတော်ကြီး၏ သက်တော် (၈၅)နှစ်ပြည့် မွေးနေ့ပူဇာပွဲ၌ ပြင်ဦးလွင်မြို့ အောင်ချမ်းသာ ဓမ္မစင်တာအတွင်း လူ ဦးရေ (၃၀၀၀၀)ကို စတုဒိသာကျွေးမည်

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ သက်တော်(၈၅)နှစ်ပြည့် မွေးနေ့ပူဇာပွဲကို လာမည့် မတ် (၁၃) ရက်တွင် မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွ င်မြို့၊ အောင်ချမ်းသာ ဓမ္မစင်တာအတွင်း လူဦးရေသုံးသော င်းစာ စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆင်ယင်ကျင်းပရန် ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် အောင်ချမ်းသာ ဓမ္မစင်တာအတွင်း၌ တရားမဏ္ဍပ်၊ စ တုဒိသာမဏ္ဍပ်၊ ကားပါကင်နေရာများကို ဇန်နဝါရီ (၂၀)ရက်မှ စတင်၍ ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။ ဆရာတော်ကြီး၏ မွေးနေ့ပူဇာပွဲသို့ အနယ်နယ်အရပ်ရပ်မှ တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့ လာရောက်ကြမည်ဖြစ်သောကြောင့် လူဦးရေသုံးသောင်းစာကို...

တရုတ်နှစ်သစ်ကူးပွဲတော် အတွက် ရန်ကုန်မြို့တွင် တွေ့မြင်ရမှုများ

မကြာခင်ကျရောက်မည့် မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာသည်နှင့် အမျှ ရန်ကုန်မြို့၊ စျေးဝယ်စင်တာများတွင် တရုတ်နှစ်ကူးကို ကြိုဆိုရန် ပြင်ဆင်ထားသည့် မြင်ကွင်းများ ဖြစ်သည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုသည့်အနေဖြင့်လည်း တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲဈေးကို လသာမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှလည်း ပြောသည်။ အဆိုပါပွဲတော်ကို ဇန်နဝါရီ (၂၅) ရက်မှ (၃၁) ရက်အထိ မဟာဗန္ဓုလလမ်း(လမ်းမတော်လမ်းမှ လသာလမ်း)တလျှောက် နံနက် (၇) နာရီမှ နေ့လယ် (၁၁) နာရီထိ ၊ ညနေ (၄) နာရီမှ ည (၁၁) နာရီထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071