Monday, December 23, 2024

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်ခန်းမအား ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊...

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ GDP ပမာဏတိုးတက်လာစေမည်

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့်...

အမေရိကန်တိုက်လေယာဉ်တစ်စင်း အချင်းချင်း မှားယွင်းပစ်ချခံရ

အမေရိက၏ F/A-18 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းက ပင်လယ်နီဝေဟင်တွင် မှားယွင်း၍ ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးနှစ်ဦးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အချင်းချင်းမှားယွင်းပစ်ခတ်မှုဟု...

ဘုရင့်နောင်မင်းတရားကြီးစီးနင်းခဲ့သည့် မြင်း (၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ ပဲခူး တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဘုရင့်နောင်မင်း တရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဒီဇင်ဘာ...
HomeNewsLocal Newsစည်းလုံးညီညွတ်မှုကိုဆက်လက်ကာကွယ်ထိန်းသိမ်းသွားလိုသည့်အတွက် ဘာသာရေးခေါင်းဆောင်များက အသိ၊...

စည်းလုံးညီညွတ်မှုကိုဆက်လက်ကာကွယ်ထိန်းသိမ်းသွားလိုသည့်အတွက် ဘာသာရေးခေါင်းဆောင်များက အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင်တည့်မတ်ပေးကြရန် နစကဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ၏ စည်းလုံးညီညွတ်မှုကိုဆက်လက်ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည့်အတွက် ဘာသာရေးခေါင်းဆောင်များက အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယညစာစားပွဲသို့တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာသာတရားသည် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခု၊ အ သိတရားတစ်ခုဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကာ လူသားတို့၏ အတွင်းစိတ်သန္တာန် အေးချမ်းမှသာ လူမှုဝန်းကျင်တစ်ခုလုံးငြိမ်းအေးမှုအရသာကို ခံစားကြရမည်ဟု ပြောသည်။

ထို့ကြောင့် ဘာသာတရားများ၏အခြေခံဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကာ အစွန်းရောက်ခြင်း၊ တစ်ယူသန်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ သဟဇာတဖြစ်စွာ အတူယှဉ်တွဲစုစည်းနေထိုင်ခဲ့ကြသည်ဟု ပြောသည်။

” အဲဒီလိုယှဥ်တွဲနေထိုင်ပြီး အပြန်အလှန်သည်းခံမှု၊ နားလည်ပေးနိုင်မှုတွေနဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ အဲဒါကို ဆက်လက်ကာကွယ်ထိန်းသိမ်းသွားကြရပါမယ်။ အဲဒီလိုထိန်းသိမ်းရာမှာ အထူးသဖြင့် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေးခေါင်းဆောင်တွေက မိမိတို့ဘာသာဝင်တွေကို အသိ၊ ပညာ၊ စိတ်ဓာတ်တွေကောင်းမွန်အောင်တည့်မတ်ပေးကြရန် တိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် အတူယှဉ်တွဲနေထိုင်ကြသည့် လူအဖွဲ့အ စည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သော တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့်တောင်းဆို၍မရနိုင်ဟု ပြောသည်။

ထိုသို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန် လိုသည်ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ဒုတိယကိုးကွယ်မှုအများဆုံးဖြစ်သည့် ခရစ်ယာန်ဘာသာဝင်များ၊ အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံ တည်ငြိမ်အေးချမ်း ကြွယ်ဝချမ်းသာရန် ကျရာကဏ္ဍအသီးသီးမှပါဝင်ပေးကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်ခန်းမအား ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထိုသို့ ဖွင့်လှစ်ပေးပြီးနောက် နစက ဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းမှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်ကြောင်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အဖြစ် စတင်ပေါ် ပေါက်လာမည့် စိုက်ပျိုးရေးကောလိပ်နှင့်သုတေသနဗိမာန်အား ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် မန္တလေးမြို့၌စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် သမိုင်းကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် စိုက်ပျိုးရေးကောလိပ်စတင်ဖွင့်လှစ်ချိန်မှစ၍ ယနေ့အချိန်အထိ “၃ နှစ်...

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ GDP ပမာဏတိုးတက်လာစေမည်

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧက စုစုပေါင်း (၃၃)သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာဖူလုံမှုရှိစေရေး၊ ပြည်ပကိုတိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုးပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ပန်းတိုင်ရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်၍ ဒေသအလိုက်ပန်းတိုင်ပြည့်မှီရေး စနစ်တကျသုံးသပ်ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ကြောင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည် နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု ပြောသည်။ "...

အမေရိကန်တိုက်လေယာဉ်တစ်စင်း အချင်းချင်း မှားယွင်းပစ်ချခံရ

အမေရိက၏ F/A-18 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းက ပင်လယ်နီဝေဟင်တွင် မှားယွင်း၍ ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးနှစ်ဦးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အချင်းချင်းမှားယွင်းပစ်ခတ်မှုဟု ယူဆရကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြောကြားသည်။ အမေရိကန်ဗဟိုစစ်ဌာနချပ်၏ သတင်းထုတ်ပြန်ချက်အရ လေယာဉ်မှူးတစ်ဦးသည် ဒဏ်ရာ အသေးအဖွဲများရရှိခဲ့သည်ဟု ဆိုသည်။ အမေရိကန်တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စု ယူအက်စ်အက်စ် ဟယ်ရီ အက်စ် ထရူးမင်းမှ ပဲ့ထိန်းဒုံးတပ် ခရုဇာစစ်သင်္ဘော USS Gettysburg သည် လေယာဉ်တင်သင်္ဘောပေါ် ပျံသန်းနေသည့် လေယာဉ်ကို မှားယွင်းပစ်မိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။ ဖြစ်စဉ်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုလုပ်နေသည်ဟု စစ်တပ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071