Sunday, December 22, 2024

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်...

YPS ကတ် နှင့် Qr...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန်...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ...

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA...

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက...
HomeInternationalစတင်မိတ်ဆက်ပြီး နာရီပိုင်းအကြာမှာပဲ သုံးစွဲသူ...

စတင်မိတ်ဆက်ပြီး နာရီပိုင်းအကြာမှာပဲ သုံးစွဲသူ ၁၀ သန်း ကျော်သွားပြီဖြစ်တဲ့ တွစ်တာ ပုံတူအက်ပ် Threads

ဝါရှင်တန်၊ ဇူလိုင် ၆

တွစ်တာ၏ ပြိုင်ဘက်အသစ်ဖြစ်သော သရဒ်စ် (Threads) သည် စတင်မိတ်ဆက်ပြီးနောက် နာရီပိုင်းအနည်းငယ်အတွင်း သုံးစွဲသူ ၁၀ သန်း ကျော်သွားပြီဖြစ်ကြောင်း ၎င်းမိခင်ကုမ္ပဏီဖြစ်သည့် မက်တာ၏ စီအီးအို မတ် ဇူကာဘတ်က ဇူလိုင်လ ၆ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ပမာဏကို ကြည့်ခြင်းဖြင့် အင်စတာဂရမ်၏ အက်ပ်အခွဲ သရဒ်စ်သည် အီလွန်မတ်စ်ပိုင် တွစ်တာ၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာနိုင်ချေ ရှိနေသည်။ အထူးသဖြင့် တွစ်တာသည် မတ်စ်၏ ကန့်သတ်ချက်အသစ်များကြောင့် ဝေဖန်ခံ နေရချိန်ဖြစ်သည်။

သရဒ်စ် အက်ပ်ကို ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ၌ တိုက်ရိုက် မိတ်ဆက်ခဲ့သည်။

“၇ နာရီအတွင်း သုံးစွဲသူ ၁၀သန်း ရှိသွားပါပြီ” ဟု ဇူကာဘတ်က သူ၏ တရားဝင် သရဒ်စ် အကောင့်ပေါ်တွင် ရေးသားလာခဲ့သည်။

လက်ရှိအချိန်တွင် သရဒ်စ်အား နာမည်ကျော် ဆယ်လီများဖြစ်သော ဂျန်နီဖာ လို ပေး၊ ရှကီရာ၊ ဂျွန်ဂျုံးစ်နှင့် ဟျူ ဂျက်မန်း တို့က အကောင့်ဖွင့် အသုံးပြုနေပြီဖြစ်သည်။

Source:CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါ အဆင့်မြှင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ဒီဇင်ဘာ (၂၁)ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆိုမှုများ...

YPS ကတ် နှင့် Qr Code အသုံးပြုသူ သုံးသိန်းခွဲကျော်ရှိလာ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီး အသုံးပြုသူ တစ်သိန်းခွဲကျော်ရှိကြောင်း Asia Starmar Transport Intelligent မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် YPS ကတ်ကို စတင်ဖြန့်သည့်အချိန်မှ လက်ရှိအချိန်အထိ (၅၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်း ခန့်အထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း သူကဆိုသည်။ လက်ရှိတွင် YPS ကတ်ကို...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ ဖြစ်ပွားမှုမရှိဟု ဆို

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်တွင် ဝမ်းပျက်ဝမ်းလျောသူအချို့ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် အခြေခံ၍ မြဝတီမြို့၏ အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မြဝတီမှာတော့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်တဲ့သူမရှိပါဘူး။ ကျွန်တော်တို့ကဆေးရုံအမြဲဝင်ထွက်နေတဲ့သူတွေ အသိဆုံးပါ။ ရွှေကုက္ကိုလ်မြို့မှာတော့ အယောက်(၄၀)လောက် ဝမ်းပျက်ဝမ်းလျောနေတဲ့သူတွေ ရှိတယ်လို့ သိရပေမယ့် ဘာကြောင့်ဖြစ်တာလဲတော့မသိဘူး"ဟု ၎င်း သိရှိထားမှုအား ရှင်းပြသည်။ ယင်းနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုထံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071