အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက် လိုင်စင် ကို အလျင်အမြန်ထုတ်ပေးလိုသည်ဟု ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က စနေနေ့တွင် ပြောကြားခဲ့သည်။
ဟနွိုင်တွင် အမေရိကန်စီးပွားရေးလုပ်ငန်း ၄၀ နီးပါးနှင့် စကားပြောခဲ့သော Chinh က ဗီယက်နမ်သည် အမေရိကနှင့် ကုန်သွယ်မှုပိုငွေပြခြင်းကို ပြန်လည်ချိန်ခွင်လျှာညှိရန် အစီအမံများ ကို လုပ်ဆောင်နေကြောင်းကို လေယာဉ်၊ လက်နက်၊ သဘာဝဓါတ်ငွေ့၊ စိုက်ပျိုးရေးကုန်စည်နှင့် ဆေးဝါးထုတ်ကုန်များကို တင်သွင်းမည့် အလားအလာများကိုရည်ညွှန်း၍ ပြောဆိုခဲ့သည်။
ဟနွိုင်သည် ပြီးခဲ့သည့်နှစ်က ကုန်သွယ်မှု စံချိန်တင် ပိုငွေပြမှုကို ဖြစ်စေခဲ့သည့် ၎င်း၏ ပိုမိုတင်ပို့နေသော ပို့ကုန်များအပေါ် အမေရိက,က အခွန်းစည်းကြပ်မည့်အရေး မှ ရှောင်ရှားနိုင်ရန် ကြိုးပမ်းနေသည်။ ကုန်သွယ်မှုပိုငွေပြခြင်းကြောင့် ဗီယက်နမ်သည် သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အပြန်အလှန်အခွန်စည်းကြပ်မှုလုပ်မည့် အန္တရာယ် ကျရောက်နေသည်။
စမ်းသပ်ကာလ အခြေအနေတစ်ရပ်အားဖြင့် စတားလင့်ခ် အင်တာနက်ဝန်ဆောင်မှုကို လိုင်စင်အမြန်ထုတ်ပေးရန် ဝန်ကြီးချုပ်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကို ညွှန်ကြားထားသည်ဟု အစိုးရက ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်တွင် Chinh နှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများ ဆွေးနွေးခဲ့မှု အကြောင်းအရာကို သတင်းထုတ်ပြန်ရာတွင် ပြောဆိုခဲ့သည်။
Ref: အေအိုအယ်လ်