Monday, December 2, 2024

ပဲခူးတိုင်းအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များ ရောင်းချမှု...

ပဲခူးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီထံမှ သိရသည်။ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ...

ရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားက ဝမ် (၃၆)...

ယာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ် ခံစားခဲ့ရသော မြန်မာနိုင်ငံဒေသအများအပြားရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအတွက် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Nam...

ကချင်ပြည်နယ်အတွင်း စက်သုံးဆီအခက်အခဲကြောင့် ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေရဟု...

ကချင်ပြည်နယ်အတွင်း စက်သုံးဆီဈေးမြင့်တက်လာသည့်အပြင် လိုသလောက်ဝယ်ယူ၍ မရသည့်အခြေအနေများကြောင့် လူမှုကူညီရေး ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေကြရကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံက သိရသည်။ လက်ရှိ ကချင်ပြည်နယ်တွင်စက်သုံးဆီ တစ်ဂါလံလျှင် (၁၆,၀၀၀)ကျပ်ဖြင့်...

ဖျာပုံမြစ်ဝတွင် ရေဝင်န-စ်မြုပ်နေသည့် ငါးဖမ်းလှေပေါ်မှ လှေလုပ်သား(၁၉)ဦးကို...

ဖျာပုံမြစ်ဝ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ရေဝင်န-စ်မြုပ်နေသည့် ငါးဖမ်းလှေပေါ်မှ လှေလုပ်သား(၁၉)ဦးကို တပ်မတော်(ရေ)၏ အမြန်သွားကင်းလှည့်ရေယာဉ်ကကယ်တင်ပေးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက်ည ၈...
HomeNewsLocal Newsစပိန်နိုင်ငံတွင်တည်ဆောက်မည့် ဥရောပတိုက်၏ အကြီးဆုံး...

စပိန်နိုင်ငံတွင်တည်ဆောက်မည့် ဥရောပတိုက်၏ အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဘာသာဥယျာဉ်တော်စီမံကိန်းမြေနေရာကို IBEC ဆရာတော်ကြွရောက်

စပိန်နိုင်ငံ၊ Cáceres မြို့တွင်တည်ဆောက်မည့် ဥရောပတိုက်၏အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းမြေနေရာအား IBEC ဆရာတော်မှ နိုဝင်ဘာ ၃၀ ရက်နေ့လည်ပိုင်းတွင် ကြွရောက်ကြည့်ရှုတော်မူခဲ့ကြောင်း သိရသည်။

ထိုသို့ ကြွရောက်ကြည့်ရှုတော်မူပြီးနောက် စပိန်နိုင်ငံ၊ Cáceres မြို့၏ လုမ္ဗိနီဥယျာဉ်စီမံကိန်းတာဝန်ရှိသူနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် စီမံကိန်းမြေနေရာ၌ မေတ္တာပို့သခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း၊ မြင်အပ်မမြင်အပ်သတ္တဝါများအားအမျှအတမ်းပေးဝေခြင်းများကို ဆောင်ရွက်ပေးတော်မူခဲ့ကြောင်း သိရသည်။

ယင်း စီမံကိန်းမူလမြေနေရာသည် စပိန်အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဥပဒေကြောင့်တည်ဆောက်ခွင့်မရသဖြင့် မြေနေရာအသစ်အားထပ်မံရွေးချယ်ထားရခြင်းဖြစ်ပြီး လက်ရှိအချိန်၌ စပိန်အစိုးရမှတည်ဆောက်ခွင့်လိုင်စင်ခွင့်ပြုပေးခဲ့သဖြင့် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းအား ဒီဇိုင်းအသစ်ရေးဆွဲ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဥရောပတိုက်၏အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဘာသာဥယျာဉ်တော်စီမံကိန်းသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ တရုတ်၊ ဟောင်ကောင်၊ နီပေါ၊ ဘူတန်၊ ထိုင်ဝမ်နိုင်ငံတို့ရှိ ဗုဒ္ဓဘာ သာကိုယ်စားပြုအဖြစ်တည်ဆောက်မည်ဖြစ်ကာ Buddhist Studies ဌာနအဖြစ် IBSC (Thailand) (SSBU, SIBA , IBEC -Myanmar)တို့က ဗုဒ္ဓဘာသာအဆင့်မြင့်တက္ကသိုလ်ပညာရေးအစီအစဉ်အားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

IBEC ဆရာတော်သည် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီ မံကိန်း၏ဒါရိုက်တာအဖွဲ့ဝင်ဖြစ်ကာ စီမံကိန်းတွင်ပါဝင်သည့် The Embassy of Myanmar Temple မြန်မာသံတမန်ကျောင်းတော်နှင့်ရွှေတိဂုံစေတီတည်ထားနိုင်ငံရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များ ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်

ပဲခူးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီထံမှ သိရသည်။ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၄) ကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ၊ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက္ကဋ္ဌက အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသထွက်ကုန်များအပေါ်...

ရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားက ဝမ် (၃၆) သန်း လှူဒါန်း

ယာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ် ခံစားခဲ့ရသော မြန်မာနိုင်ငံဒေသအများအပြားရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအတွက် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Nam Chung-hee နှင့် အဖွဲ့ဝင်များမှ ကိုရီးယားဝမ် ၃,၆၀၀,၀၀၀ အား လှူဒါန်းခဲ့ကြောင်း သိရသည်။ Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်တွင် ဒေဂူးမြို့ရှိ Hotel...

ကချင်ပြည်နယ်အတွင်း စက်သုံးဆီအခက်အခဲကြောင့် ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေရဟု ဆို

ကချင်ပြည်နယ်အတွင်း စက်သုံးဆီဈေးမြင့်တက်လာသည့်အပြင် လိုသလောက်ဝယ်ယူ၍ မရသည့်အခြေအနေများကြောင့် လူမှုကူညီရေး ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေကြရကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံက သိရသည်။ လက်ရှိ ကချင်ပြည်နယ်တွင်စက်သုံးဆီ တစ်ဂါလံလျှင် (၁၆,၀၀၀)ကျပ်ဖြင့် ဝယ်ယူနေကြရပြီး၊ ဆီဆိုင်အများစု ပိတ်သိမ်းလာခြင်းကြောင့် လူနာတင်လမ်းကြောင်းများအတွက် အဆင်မပြေမှုများစွာဖြစ်ပေါ်နေရသည်ဟု ဆိုသည်။ "ဆီက အခုထိတော့ဝယ်လို့ရသေးပေမယ့် ဈေးတွေအဆမတန်မြင့်လာတော့ ရံ‌ပုံငွေအခြေအနေနဲ့က အဆင်မပြေဖြ စ်လာတယ်။ လူနာလမ်းကြောင်းတွေကူညီဖို့ရှိနေပေမယ့် စက်သုံးဆီက မလောက်တော့ လျော့ချပစ်နေရတယ်။ အတတ်နိုင်ဆုံးတော့ နိုင်သလောက် ကူညီဖို့လုပ်နေရင်း စိတ်ဓာတ်တွေပါ ကျတယ်ဗျာ။ ဒီပုံအတိုင်းဆို ဆီဈေးက ထပ်တက်ဖို့ဘဲရှိတယ်" ဟု ဖားကန့်ဒေသ အခြေစိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071