ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၌ ဖောက်ခွဲမှုအပါအဝင် ရန်ကုန်တိုင်းရှိ မြို့နယ်များအတွင်းမှ အုပ်ချုပ်ရေးတာဝန်ရှိသူများကိုပစ်ခတ်မှုနှင့်မိုင်းထောက်ဖောက်ခွဲမှုပြုလုပ်သူ(၈)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းရှိ စမ်းချောင်း၊ အင်းစိန်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင် ဒီဇင်ဘာ ၃၀ ရက်၊ ၂၆ ရက်နှင့် ၅ ရက်တို့ကမိုင်းပေါက်ကွဲမှုများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပစ်ခတ်ခံခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ(၂၈)နှစ်၊ တင်ဝင်းလှိုင်(ခ)အငယ်လေး (၃၆)နှစ်၊ မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်း(၄၀)နှစ်တို့အား ဇန်နဝါရီ ၁ ရက်၊ ရန်နိုင်ထွဋ်(ခ)လူစီဖာ (ခ)ရဲရင့်(ခ)လရောင်(၃၇)နှစ်၊ ထွန်းနိုင်စိုး(ခ)ဘီး ကျဲ(၄၂)နှစ်၊ မိုးစက်အောင်(ခ)ကိတ်ကိတ်(ခ)တ ရုတ်လေး(၂၄)နှစ်၊ အောင်နိုင်ဝင်း(ခ)ကိုဖြိုး(၂၃) နှစ်တို့အား ဇန်နဝါရီ ၃ ရက်၊ ဧပရယ်မိုးနိုင်(ခ)သီ ရိ(ခ)ဘေဘေ(၂၀)နှစ်အား ဇန်နဝါရီ ၄ ရက်တို့တွင် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ အုပ်ချုပ်ရေးတာဝန်ရှိသူများကိုပစ်ခတ်ခဲ့မှု၊ မိုင်းထောင်ဖောက်ခွဲမှုများကို ဖော်ထုတ်ရရှိခဲ့ပြီး ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် ကား ၂ စီး၊ လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်းများ၊ အကြမ်းဖက်ဖောက်ခွဲမှုနှင့် လက်လုပ်ရှော့တိုက်ဒုံးများပြုလုပ်ရန်ပြင်ဆင်ထားသည့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။