Home News Local News စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကိုဖမ်းမိ

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကိုဖမ်းမိ

0
375

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေ(၆၆)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် Free Land Attack Force (FLA)အဖွဲ့ဝင် ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်(၂၉)နှစ်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်(၂၃)နှစ်၊ ကျော်ဇင်ဦး(ခ) ကျောင်းဆရာ(၃၁)နှစ်၊ စိုင်းနောင်ထက်(ခ)အာကြီး(၂၇)နှစ်တို့အား ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၅၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မီးခိုးဗုံး ၂ လုံး၊ ပြစ်မှုကျူးလွန်စဥ်ကအသုံးပြုခဲ့သည့် အဌားကားတစ်စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ယခုနှစ်အတွင်း တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဗညားဒလလမ်းပေါ်ရှိ တာမွေမြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား လက်ပစ်ဗုံး ၂ လုံးဖြင့်ပစ်ခတ်ဖောက်ခွဲမှုကျူး လွန်ခြင်းအပါအဝင် ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် ဖြစ်စဥ်များကိုလည်း ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here