စာမဖတ်သူ ပပျောက်ရေး၊ စာဖတ်ရှိန် မြှင့်တင်ရေးနဲ့ ကျဆင်းနေတဲ့ စာအုပ်ဈေးကွက်ပြန်လည်ထွန်းကားလာရေးစတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖြစ်တည်လာတဲ့ “ဝတ္ထုထဲ က ဇာတ်ကောင်များနှင့် စကားပြောခြင်း” အစီအစဉ်ကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက သိမ်ဖြူလမ်းရှိ စာအုပ်လမ်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေ့က ဝတ္ထု ထဲကဇာတ်ကောင်များနဲ့ စကားပြောခြင်း အစီအစဉ်မှာတော့ ဆရာချစ်ဦးညို၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ မင်းသားကြီး ဦးခင်မောင်ချင်း၊ ဦးကျော်ကျော် (သုခမိန်)၊ အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်၊ ခင်သီတာ ထွန်း၊ မျိုးသန္တာထွန်း၊ မိတ်ကပ်ခင်စန်း ဝင်းစတဲ့ အနုပညာရှင်များက ရုပ်ရှင်ဝတ္ထုနဲ့ အတူ ဝတ္ထုထဲက ဇာတ်ကောင်များရဲ့နေရာ ဖန်တီးသရုပ်ဆောင်ခံစားမှုစတဲ့အကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့ကြပါ တယ်။ အကယ်ဒမီမျိုးသန္တာထွန်းက သူကိုယ်တိုင်ထုတ် လုပ်ပြီး ရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ “ပေးဆပ် သူတို့နှလုံးသား” ရုပ်ရှင်အကြောင်းနဲ့ ပတ်သက်လို့ ပြောကြားရာမှာတော့..
” မျိုးက ငယ်ငယ်လေးကတည်း က ရသစာပေတွေ၊ ဘဝသရုပ်ဖော် စာပေတွေဖတ်ခဲ့တာများပါတယ်။ သမိုင်းနောက်ခံ မဏိစန္ဒာဥဒါန်းကို ဖတ်ပြီးချိန်မှာတော့ ဘယ်လိုမှ မရိုက် ကူးဘဲ မနေနိုင်အောင်စိတ်ထဲမှာ ဖြစ်လာပါတယ်” လို့ ပြောကြားခဲ့ပါ တယ်။ “ပေးဆပ်သူတို့နှလုံးသား” ရုပ်ရှင်ရဲ့ ဝတ္ထုရေးသားသူ ဆရာချစ်ဦး ညိုကလည်း မဏိစန္ဒာဥဒါန်းမှာ ခင်ဦးရဲ့နေရာက ခံစားရေးဖွဲ့ပုံကို ပြောကြားခဲ့သလို ဒါရိုက်တာ ကြည်စိုး ထွန်းကလည်း “ပေးဆပ်သူတို့နှလုံး သား” ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့ရပုံ တွေကို ဆွေးနွေးပြောကြားခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အကယ်ဒမီဒေါ်မြင့်မြင့်ခင်က “မွှေး” ရုပ်ရှင်ဇာတ်ကားသရုပ်ဆောင်ခဲ့ရမှု၊ သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးကျော်ကျော်က “ငဘ” ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခဲ့ရပုံ၊ ဦးခင်မောင်ချင်းနဲ့ အကယ် ဒမီ ဒေါ်ခင်သီတာထွန်းတို့ကလည်း တစ်ချိန်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ အကြောင်း အမှတ်တရပြောကြားခဲ့ကြပါတယ်။ ဝတ္ထုထဲက ဇာတ်ကောင်များနဲ့ စကားပြောခြင်း၊ အစီအစဉ်ကိုတော့ အပတ်စဉ်စနေနေ့တိုင်းမှာ အနုပညာ ရှင်၊ စာရေးဆရာကြီးများနဲ့အတူလုပ် ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
သတင်းဓာတ်ပုံ-မျိုးကျော် (ကနောင်သွေး)