ယန်းပေါဆတ်၊ ဆီမွန်ဒီဗူးဗွား၊ အဲလ်ဗတ်ကမူး၊ လူရွှန်း၊ ဖရန့်ကပ်ဖ် ကာ၊ ရှယ်လီ၊ ဂေါ်ကီ၊ဘိုင်ရွှန်၊ ဆင်မျူရယ်ကိုလားရစ်၊ လီယိုတော် စတွိုင်း၊ အယ်လ်ဘာတိုမော်ရေးဗီး ယား၊ ဂါစီယာမားကွစ်၊ ဂိုဒေါ့ကို စောင့်မျှော်ခြင်း၊ နံရံ၊ ကွန်အိုင်ချီ၊ မိုးကြယ်မို့လား၊ မူးယစ်ဝေသော နွေဦးညများ၊ ညဥ့်ယံထဲက လမ်း တွေပေါ် ငါလမ်းသလား၊ နွေဒေသ၊ ဥတ္တရလွင်ပြင်၊ ခိုင် စာတင်းကုပ်၊ မင်းမဟော်၊ စာအုပ်အဟောင်းဆိုင် တွေမှာ လှည့်လည်သေခြင်းတရား သာမရှိခဲ့ရင် ကမ္ဘာကြီးပေါ်မှာ လူတွေအများကြီးပြည့် ကျပ်နေမှာ ပင်။
စာအုပ်တွေသာမရှိ ရင် ကမ္ဘာ ပေါ်မှာ လူတွေ ရိုင်းစိုင်းမြဲ ရှိနေမှာ ပင်။ ငွေစက္ကူတွေသာမရှိရင် ကမ္ဘာ ပေါ်မှာ ကျောက်တုံးတွေ အသုံးဝင် နေမှာပင်။ မြက်ခင်းစိမ်းစိမ်းထဲ နွားတွေ ဘွတ်အဲလို့ အော်မြည် ကြ၊ မြက်နုကလေးတွေ ကိုက်ဖြတ်စားကြ။ ဆိတ်တွေက တပဲပဲနဲ့ ခြုံပုတ်တွေကိုပဲ ကိုက်ဖြတ်စားကြ။ ငါက ညဈေးတန်းမှာ လမ်းသလား၊ နှင်းမြူများ အုံ့ဆိုင်းလို့ ။ နီယွန်မီးရောင်တွေက ရီဝေလို့။
နာရီစင်က ဆောင်းလေ အသွေးဖျပ်ကနဲ ဖျပ်ကနဲ လန့်သွား တဲ့စာအုပ်တွေကို ဖတ်လို့။ အဟောင်း ဆိုင်က ၃၅ ကျပ်နဲ့ ဝယ်ထားတဲ့ ဆွယ်တာ ပွပွကြီးကို ငါကဝတ်လို့။ အဲဒီ ဆွယ် တာဟာ လူသေတစ်ယောက်ဝတ်ခဲ့တာ။ ကဖေးဆိုင်မှာ ကရား အိုးကြီးတွေ ဆူပွက်လို့ အိုးဗစ်ကပြောတယ်၊ တို့နှစ်ယောက်ဟာ လူအုပ်ကြီးဖြစ်တယ်တဲ့။ ကတ္တရာ လမ်းနက်မှောင်မှောင်ပေါ်မှာ ငါ လျှောက်ရင်း အိမ်ကိုပြန်လာ။
လမ်းမီးတိုင်တွေက မြူနှင်းတွေထဲမှာ အဘိုးအိုရဲ့ မျက်လုံးများလို ရီဝေလို့။ ကျွန်တော်ပြန်လာပါပြီ။ ဓာတ်တိုင် အောက်မှာ ပြာမှုန့်တွေနဲ့ မိန်းမတစ်ယောက် မီးသွေးခဲတွေကို ယပ်တောင်နဲ့ခပ်လို့။ မီးကျွမ်းနံ့သင်းသင်းနဲ့ ဆောင်းရဲ့ မြောက်ပြန်လေညင်းထဲမှာ ကန်စွန်းဥဟာ အရသာရှိလာ တော့တာ။ အဲဒီတုန်းက ငါဟာ စာ အုပ်တွေကို မြိန်ယှက်စွာ ဖတ်သူတစ်ယောက်မျှသာ။ စာမျက်နှာတွေဟာ ငါ့ရဲ့စားကျက်မြေတွေပါပဲ။ စာလုံး အက္ခ ရာတွေဟာ မြက်ပင် တွေပါပဲ။ ငါစားမြုံ့ပြန်မိတာ နှစ်များစွာ …။
နေမျိုး