Monday, November 18, 2024

ရှိတ်ဟာစီနာကိုလွှဲပြောင်းရရှိရေးဆောင်ရွက်မည်-မိုဟာမက်ယူနွတ်

ရာထူးမှဖယ်ရှားခံရသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယနိုင်ငံထံမှ တရားခံလွှဲပြောင်းရရှိရေးအတွက် သူ့အစိုးရက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်က တနင်္ဂနွေနေ့က...

ထိုင်းဘုရင်နှင့်မိဖုရား ရှေ့နှစ်ထဲ တရုတ်သို့သွားမည်

လီမာ၊နိုဝင်ဘာ ၁၇ ထိုင်းဘုရင်နှင့်မိဖုရားတို့သည် လာမည့်နှစ်တွင် တရုတ်အစိုးရ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွားမည်ဖြစ်ကြောင်းသိရသည်။ လာမည့်နှစ်သည် တရုတ်နှင့်ထိုင်းတို့၏ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်လည်းဖြစ်သဖြင့် တရုတ်အစိုးရ၏ဖိတ်ကြားမှုဖြင့် ဘုရင်နှင့်မိဖုရားတို့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပေတုန်တန်ကပြောကြားခဲ့သည်။ ပေတုန်တန်သည်...

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော်ကာလ ပြည်တွင်း/ပြည်ပ ခရီးသွားများ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ပြည်တွင်း/ ပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားသဖြင့် အထူးစည်ကားခဲ့ကြောင်း ပုံဂံမြို့ဒေသတွင်း...

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိသူများ လိုက်နာရမည့်...

လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန်နှင့် ပုံစံ (၇)ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည်။ လယ်ယာမြေနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့် အခြားအခွန်များကို ပေးဆောင်ရမည်ဖြစ်ပြီး...
HomeNewsLocal Newsစားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း...

စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၀၀၀ ကျော်လာ

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၇၀၀၀ အထိ မြင့်တက်လာကြောင်းမှ သိရသည်။

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ယခုအခါ တစ်ပိဿာ ၇၀၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက် ၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ နိုဝင်ဘာ (၁၈)ရက်မှ (၂၅) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၇၀၁၅) ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှိတ်ဟာစီနာကိုလွှဲပြောင်းရရှိရေးဆောင်ရွက်မည်-မိုဟာမက်ယူနွတ်

ရာထူးမှဖယ်ရှားခံရသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယနိုင်ငံထံမှ တရားခံလွှဲပြောင်းရရှိရေးအတွက် သူ့အစိုးရက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်က တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။ ဟာစီနာသည် သြဂုတ်လအတွင်းက ကြီးမားသော ဆန္ဒပြမှုများကြောင့် အိန္ဒိယသို့ ထွက်ပြေးခဲ့ရကာ ပြည်ပြေးအဖြစ် နေထိုင်နေခဲ့ခြင်းဖြစ်သည်။ သူ၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည့် ကျောင်းသားထုဦးဆောင်သော လူထုအုံကြွမှုများအတွင်း ရာနှင့်ချီသော ပြည်သူများ‌ေ-သဆုံးခဲ့ရသည့်အတွက် ဟာစီနာအပါအဝင် တာဝန်ရှိသောသူအားလုံးကို တာဝန်ခံစေရန် ကြားဖြတ်အစိုးရက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၎င်း၏ ရာထူးတာဝန်ထမ်းဆောင်မှု ပထမရက် ၁၀၀...

ထိုင်းဘုရင်နှင့်မိဖုရား ရှေ့နှစ်ထဲ တရုတ်သို့သွားမည်

လီမာ၊နိုဝင်ဘာ ၁၇ ထိုင်းဘုရင်နှင့်မိဖုရားတို့သည် လာမည့်နှစ်တွင် တရုတ်အစိုးရ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွားမည်ဖြစ်ကြောင်းသိရသည်။ လာမည့်နှစ်သည် တရုတ်နှင့်ထိုင်းတို့၏ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်လည်းဖြစ်သဖြင့် တရုတ်အစိုးရ၏ဖိတ်ကြားမှုဖြင့် ဘုရင်နှင့်မိဖုရားတို့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပေတုန်တန်ကပြောကြားခဲ့သည်။ ပေတုန်တန်သည် ပီရူးနိုင်ငံ လီမာမြို့၌ကျင်းပနေသည့် ၃၁ ကြိမ်မြောက် အေပက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေခြင်းဖြစ်ပြီး အစည်းအဝေးပြင်ပ၌ သမ္မတရှီနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အလားတူပင် လာမည့်နှစ်၌ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတနှင့်ဇနီးဖြစ်သူတို့ ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်ရန်မျှော်လင့်ထားကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ဆက်လက်၍လည်း ထိုင်းနှင့်တရုတ်တို့အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများအတွက် အဆင်သင့်ရှိနေကြောင်း မစ္စပေတုန်တန်ကဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော်ကာလ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှုများပြား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ပြည်တွင်း/ ပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားသဖြင့် အထူးစည်ကားခဲ့ကြောင်း ပုံဂံမြို့ဒေသတွင်း သတင်းများအရ သိရသည်။ ပုံဂံဒေသ တန်ဆောင်တိုင်ပွဲတော်ကာလ လပြည့်နေ့တွင် ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့ပြီး ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။ ပုံဂံဒေသသို့ ခရီးသွားဝင်ရောက်မှုများလာ၍ ဒေသခံတို့အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဒေသတွင်းရှိ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်လုပ်ငန်းမှု လုပ်ငန်းများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများမှ လူမှုစီးပွားနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာကြောင်း ဒေသခံတို့က ဆိုသည်။ ပုဂံဒေသသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071