Home News Local News စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်အသစ်များတိုးချဲ့ဖွင့်ရန်စီစဉ်နေ

စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်အသစ်များတိုးချဲ့ဖွင့်ရန်စီစဉ်နေ

0
111

နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောကြားချက်အရ သိရသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ နှစ်စဉ် သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေသေးကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းစီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရာသီအချိန်မီ နွေစပါးစိုက်ပျိုးနိုင်ရန် သဘာဝမြေဩဇာ ထည့်သွင်းမြေပြင်ခြင်း၊ မျိုးစေ့စုဆောင်းခြင်းလုပ်ငန်းများအတွက် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းဆိုင်ရာများ၊ ဓာတ်မြေဩဇာလိုအပ်ချက်ကို လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here