Home News Local News စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေဟု ဦးဝင်းရှိန်ပြော

စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေဟု ဦးဝင်းရှိန်ပြော

0
75

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရာဂီမုန်တိုင်းနှင့် နယ်မြေဒေသ အခြေအနေများကြောင့် အချို့ကဏ္ဍများ၌ ထိခိုက်မှုရှိခဲ့သော်လည်း ဧပြီလမှ စက်တင်ဘာလအထိ ပထမခြောက်လ ကုန်ဆုံးချိန်တွင် GDP တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ အသင်းချုပ်အနေဖြင့် မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ဖြစ်လာစေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးနေခြင်းက များစွာ အထောက်အကူဖြစ်စေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့နောက် အစည်းအဝေးတွင် အသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က နှစ်ပတ်လည်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပြင်ပစာရင်းစစ် JF Group – Cer tified Public Accountants & Auditors ၏ စာရင်းစစ် အစီရင်ခံစာတို့ကို ဖတ်ကြားရှင်းလင်းခဲ့ပြီး နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အတည်ပြုခြင်းနှင့် ၂ ၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အ ပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here