ဒါရိုက်တာ ဦးကြည်စိုးထွန်းက ကိုယ်တိုင်ရေးသားထားတဲ့ ဇာတ် လမ်းကို မကြာခင်မှာ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးသွားမယ်လို့ သိရပါ တယ်။ ဇာတ်လမ်းတွဲရိုက်ကူးဖို့ရှိတဲ့အတွက် ရုပ်ရှင်အစည်းအရုံးဘက်ကို မလှည့်နိုင်တော့တဲ့ ဦးကြည်စိုးထွန်းက..
“ကျွန်တော်က ဇာတ်ညွှန်းရေးတာကြာတယ်။ ဇာတ်လမ်းတွဲတစ်ခုဆို ပုံမဖော်ဖြစ်သေးဘူး။ အဲဒီဇာတ်ညွှန်းရေးတာ ၆ လလောက်ရှိပြီ။ တကယ်လို့ ရိုက်ကူးဖြစ်ပြီဆိုမှ ကြေညာမယ်။ လောလောဆယ် ကြေညာ နိုင်တာကတော့ စုံထောက်ဦးထင်ကျော် ဇာတ်လမ်းတွဲကတော့ ကြေညာ ပြီးသွားပြီ။ အဲဒါကတော့ ကျွန်တော်ကိုယ်တိုင်ရေးတာ။ စုံထောက် ဦးထင်ကျော်ကို မတ်လကုန်လောက်မှာ စပြီးရိုက်ကူးဖြစ်မယ်ထင် တယ်။ ကျွန်တော်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေက ၁၉၃ဝ၊ ၁၉၄ဝ ပြည့်တွေကို အခြေခံတဲ့ ဇာတ်လမ်းတွေဖြစ်တယ်။ ဟိုးပျူခေတ်ကာလ ကို အခြေခံတဲ့ ဇာတ်လမ်းတွဲတွေ။ အဲဒါမျိုးဖြစ်တဲ့အတွက် ပစ္စည်း ရှာတာတွေ၊ ပြောတာဆိုတာတွေကအစ နည်းနည်းလေးတော့ အချိန်ယူ ရမှာပေါ့။ စုံထောက် သရုပ်ဆောင်ကိုတော့ အဓိက ဦးထင်ကျော်နဲ့ ဦးတင်မောင်နေရာကို ကျောင်းကကလေးတွေဖြစ်မယ်ထင်တယ်။ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးတာထက် ဇာတ်လမ်းတွဲရိုက်ကူးတာ ပိုကောင်းတယ်” လို့ ပြောပြခဲ့ပါတယ်။
ချယ်ရီ