စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းသိုလှောင်ဖြန့်ဖြူးရေးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၃၅၄)ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာ၌ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်ဆီများကို ပေါက်ဈေးထက်သက်သာသည့်ဈေးနှုန်းဖြင့် လာရောက်ဝယ်ယူသူများကို တိုက် ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
” ဓာတ်ဆီအမျိုးအစား (RON-68) တစ်လီတာကို (၂၂၀၀)ကျပ်နဲ့ စပြီးရောင်းချပေးနေပါတယ်။ ဒီဆီကို သုံးဘီးဆိုင်ကယ်တွေ ဆိုင်ကယ်တွေမှာသုံးသလို အိမ်သုံး၊ လုပ်ငန်းသုံး၊ ရုံးသုံးမီးစက်တွေ၊ စက်လှေတွေမှာလည်းသုံးလို့ရပါတယ်။ အခု စက်သုံးဆီအရောင်းဆိုင်ကို မနက် ၆ နာရီကနေ ည ၆ နာရီအထိ နေ့တိုင်းဖွင့်လှစ်ရောင်းချပေးသွားမှာပါ။ ပြည်တွင်းစက်ရုံတွေက ထွက်ရှိတဲ့ရေနံကိုချက်ပြီး ရရှိလာတဲ့ဓာတ်ဆီပါ”ဟု မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်အောင်က ပြောသည်။
ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၃၅၄)ကိုစတင်ဖွင့်လှစ်ခဲ့သည့်နည်းတူ မန္တလေးတိုင်းအတွင်း ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၆၁၁)နှင့် (၀၆၁၄)တို့ကိုလည်း စတင်ဖွင့်လှစ်ခဲ့ပြီး သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်ဆီများကိုရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုလအတွင်း၌ ပဲခူးတိုင်း၊ တောင်ငူမြို့၌ ဟင်းငုတ်ပင်ဓာတ်ဆီအရောင်းဆိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ဓာတ်ဆီအရောင်းဆိုင်တို့ကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကာ ကျန် တိုင်းနှင့်ပြည်နယ်များတွင်လည်း ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။