Friday, March 21, 2025

မီးလောင်မှုကြောင့် လန်ဒန် ဟီးသရိုးလေဆိပ် ပိတ်လိုက်ရ

လေဆိပ်အနီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံတွင် မတ်လ ၂၁ ရက်‌နေ့က အကြီးအကျယ်မီးလောင်သောကြောင့် ဗြိတိန်နိုင်ငံ၏ ဟီသရိုးလေဆိပ်ကို ပိတ်လိုက်ရပြီး ကမ္ဘာတစ်ဝန်းမှ လေယာဉ်ခရီးစဉ်များ ကမောက်ကမ ဖြစ်ကုန်သည်။ မီးလောင်ကျွမ်းမှုကြောင့်...

သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံကြီး လျှပ်စစ်မီးမရရှိသဖြင့်...

ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့၊မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လျှပ် စစ်မီးမရရှိသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် မျက်စိခွဲစိတ်ကုသပေးရန် ဆိုလာမီးတပ်ဆင်ရန်လိုအပ်လျက်ရှိပြီး မတည်လှူဒါန်းမှုများ ပြုလုပ်ပါက ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု အသိပေးထားသည်။ "မျက်စိဆေးရုံကို...

စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံရုံးအမည်အား အသုံးပြု၍...

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးအမည်ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ရက်ချိန်းယူရန် လိ-မ်-လ-ည်မှုများရှိနေသည်ဟု စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေး ထုတ်ပြန်ထားသည်။ သံရုံးအနေဖြင့် အသုံးပြု၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး...

မန်းရွှေစက်တော် ဘုရားပွဲတော်တွင် ကျင်းပသည့် တေးဂီတဖျော်‌ဖြေပွဲသို့...

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် အနုပညာရှင်များ၊ အငြိမ့်သဘင်၊ တေးဂီတများဖြင့် ကပြဖျော်ဖြေတင်ဆက်လျက်ရှိရာ ဘုရားဖူးပြည်သူ (၄,၀၀၀)နီးပါး လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ မင်းဘူး...
HomeInternationalစွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူခဲ့ကြောင်း သိရသည်။

အင်္ဂါနေ့က ခေါင်းဆောင်နှစ်ဦး ဖုန်းပြောအပြီးတွင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် တိုက်ခိုက်မှုရပ်ရန် ရုရှားစစ်တပ်ကို ပူတင်က အမိန့်ပေးခဲ့သည်ဟု ခရမ္မလင်ကသတင်း ထုတ်ပြန်လိုက်သည်။ သို့ရာတွင် ယူကရိန်းက အကောင်အထည်ဖော်ရန် အသင့်ဟု ပြောဆိုထားသော အမေရိကန်အဆိုပြုထားသည့် ကျယ်ပြန့်သော ရက် ၃၀ အပစ်ရပ်စဲရေးကိုမူ ပူတင်က လက်ခံခြင်းမပြုသေးဟု သိရသည်။

၂ နှစ်ကြာ စစ်ပွဲကို ခေတ္တရပ်လိုက်ချိန်တွင် ယူကရိန်းသည် စစ်သား စုဆောင်းခြင်းနှင့် လက်နက်ပြန်လည်တပ်ဆင်ခြင်းများအတွက် အသုံးချသွားနိုင်သောကြောင့် ယင်းကဲ့သို့ အပစ်အခတ်ရပ်စဲရေးကို ရုရှားခေါင်းဆောင်က စိုးရိမ်မှုရှိသည်ဟု ဆိုသည်။

ထို့အပြင် ပဋိပက္ခများတိုးမြင့်လာမှုကို တားဆီးရန်နှင့် နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းမှတဆင့် ဖြေရှင်းရန်လုပ်ဆောင်နေသည့် အဓိကလိုအပ်သောအခြေအနေသည် ကိဗ်သို့ ပြည်ပ စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေးအချက်အလက်ပေးမှုတို့ကို အပြီးအပြတ်ရပ်ဆိုင်းသင့်သည်ဟုလည်း ပူတင်က ထောက်ပြခဲ့သည်။

အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ခေါင်းဆောင်နှစ်ဦးသည် ပင်လယ်ရေကြောင်းဆိုင်ရာ အပစ်ရပ်စဲရေးဖြစ်နိုင်ခြေအပြင် အရှေ့အလယ်ပိုင်းတွင် ကျယ်ပြန့်သော အပစ်ရပ်စဲရေးကို ချက်ချင်းစတင်မည့် အလားအလားများအတွက် ဆွေးနွေးပွဲများပြုလုပ်ရန် သဘောတူခဲ့ကြသည်ဟု ပြောဆိုခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မီးလောင်မှုကြောင့် လန်ဒန် ဟီးသရိုးလေဆိပ် ပိတ်လိုက်ရ

လေဆိပ်အနီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံတွင် မတ်လ ၂၁ ရက်‌နေ့က အကြီးအကျယ်မီးလောင်သောကြောင့် ဗြိတိန်နိုင်ငံ၏ ဟီသရိုးလေဆိပ်ကို ပိတ်လိုက်ရပြီး ကမ္ဘာတစ်ဝန်းမှ လေယာဉ်ခရီးစဉ်များ ကမောက်ကမ ဖြစ်ကုန်သည်။ မီးလောင်ကျွမ်းမှုကြောင့် ဥရောပ၏ လေယာဉ်အဝင်အထွက်အများဆုံးနှင့် ကမ္ဘာ့ပဉ္စမမြောက် လေယာဉ်အဝင်အထွက်အများဆုံး ဟီသရိုးလေဆိပ်တွင် ကြီးမားသော ဓါတ်အားပြတ်တောက်မှုဖြစ်ခဲ့ကာ ယင်း၏ အရန်ဓါတ်အားပေးစနစ်သည်လည်း ပြတ်တောက်သွားခဲ့ကြောင်း၊ လန်ဒန်အနောက်ပိုင်းရှိ မီးလောင်ရာ နေရာ ကို မီးသတ်သမား ၇၀ ဝန်းကျင်ဖြင့် ငြိမ်းသတ်လျက်ရှိကြောင်း လန်ဒန် မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။ ကြီးမားသော လိမ္မော်ရောင် မီးတောက်မီးလျှံများနှင့် မီးခိုးလုံးများ ကောင်းကင်သို့ ထိုးတက်နေခဲ့သည်ကို...

သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံကြီး လျှပ်စစ်မီးမရရှိသဖြင့် ဆိုလာမီးတပ်ဆင်အသုံးပြု၍ ခွဲစိတ်ရန် လှူဒါန်းနိုင်

ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့၊မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လျှပ် စစ်မီးမရရှိသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် မျက်စိခွဲစိတ်ကုသပေးရန် ဆိုလာမီးတပ်ဆင်ရန်လိုအပ်လျက်ရှိပြီး မတည်လှူဒါန်းမှုများ ပြုလုပ်ပါက ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု အသိပေးထားသည်။ "မျက်စိဆေးရုံကို ဖွင့်ပြီးကုမယ်ဆိုရင် မီးတွေ ထိန်လင်းနေမှ အဆင်ပြေမှာပါ။လျှပ်စစ်မီးမရတာ ကြာပြီဆိုတော့ လျှပ်စစ် မီးနဲ့သုံးရတဲ့ ခွဲခန်းသုံးအဝတ်တွေ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ ဒါတွေအားလုံးအတွက် သုံးဖို့လျှပ်စစ်အား ရဖို့မသေချာပါဘူး။ ဆိုလာနဲ့ (၅၀)ကီလို ဆင်နိုင်ရင်တော့ အဆင်ပြေပါမယ်။ ဆိုလာဆင်နိုင်အောင် မတည်လှူဒါန်းပေးကြမယ်ဆိုရင်တော့ အခမဲ့မျက်စိကုဖို့ ဆေးရုံဖွင့်နိုင်ပါပြီ"ဟု ဆိုသည်။ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့်အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး ၊...

စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံရုံးအမည်အား အသုံးပြု၍ လိ-မ်-လ-ည်မှုများရှိနေ

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးအမည်ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ရက်ချိန်းယူရန် လိ-မ်-လ-ည်မှုများရှိနေသည်ဟု စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေး ထုတ်ပြန်ထားသည်။ သံရုံးအနေဖြင့် အသုံးပြု၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ရက်ချိန်းယူရန် မည်သည့် လူပုဂ္ဂိုလ်၊ ဝန်ဆောင်မှုလုပ်ငန်းကိုမှ ဆောင်ရွက်ခွင့် မပြုထားကြောင်းလည်း သံရုံးက အသိပေးထားသည်။ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူများ အနေဖြင့် What sApp ဖုန်းနံပါတ် (+6581748993) နှင့် (+65 8246858 1) သို့ Passport (First Page)၊ IC Card (Front and back...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071