Thursday, January 23, 2025

အဖျောက်မြို့ရှိ ထင်သာမြင်သာရှိသည့်နေရာများ၌ မီးသတ်စခန်းဖုန်းနံပတ်ပါ စတစ်ကာများကပ်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ထင်သာမြင်သာရှိသောနေရာများ၌ မီးသတ်စခန်း၏ဖုန်းနံပတ်ပါ စတစ်ကာများကို ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက် ၉ နာရီတွင် မီးသတ်တပ်ဖွဲ့ဝင်များက...

အကျိုးရလဒ်များစွာကိုဆွေးနွေးနိုင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး၏ ဘရူနိုင်းခရီးစဥ်

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂)ဖြစ်သူ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင်...

အရေပြားအစားထိုးကုသမှုများအတွက် ငါးတိန်းအရေခွံကိုသုံးနိုင်

ဒေသအခေါ် “bangus” ဟု သိကြသည့် ငါးတိန်း(milkfish)သည် အရေပြားခွဲစိတ်ကုသမှုများအတွက် ဈေးချိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်သော အရင်းအမြစ်အသစ်တစ်ခုဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံရှိ ထိပ်တန်းသုတေသနအင်စတီကျူမှ သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ အရေပြားအစားထိုးခြင်းသည်...

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၆)အပြီးတွင် သွင်းဂိုးအများဆုံးရရှိခဲ့သူ ကစားသမား‌(၆)ဦး...

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီ ပွဲစဉ် (၁၆)အပြီး၌ သွင်းဂိုးအများဆုံးရရှိထားသူ ကစားသမား‌ (၆) ဦးထွက်ပေါ်လာကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက ယနေ့ ဇန်နဝါရီ...
HomeNewsLocal Newsဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ်(၂၆)အုပ်ကို ပြောင်းလဲမှုမရှိဘဲ...

ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ်(၂၆)အုပ်ကို ပြောင်းလဲမှုမရှိဘဲ ကွန်ပျူတာစာစီမူဖြင့်ပြန်လည်ပုံနှိပ်ထုတ်ဝေမည်

ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ်(၂၆)အုပ်ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေရန် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာမှ စီစဥ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက်မွန်းလွဲပိုင်းကကျင်းပရာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ယခုဆောင်ရွက်မှု သည် သာသနာအတွက်အကျိုးများသော လုပ် ငန်းဖြစ်၍ ဆရာတော်များအနေဖြင့် စိတ်ရောကိုယ်ပါ အလေးထားဆောင်ရွက်သွားမည်ဟု မိန့်ကြားတော်မူခဲ့ကြသည်။

ထို့ပြင် ဋီကာကျမ်းစာအုပ်များကို ကွန်ပျူတာစာမူဖြင့်ဆောင်ရွက်ရာတွင် ဆဋ္ဌသင်္ဂါယနာတင်ဋီကာ(၂၆)အုပ်ကို ဦးစွာကွန်ပျူတာစာမူဖြင့်ဆောင်ရွက်ရန်လည်း မိန့်ကြားတော်မူခဲ့ကြသည်။

ထို့အတူ ကွန်ပျူတာစာစီမူ ဋီကာစာအုပ်များကို စိစစ်သည့် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ စာသင်တိုက်ကြီးများသို့ အမြန်ပေးပို့သွားရန်လိုအပ်သည်ဟုလည်း မိန့်ကြားတော်မူခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား ရိုက်နှိပ်ပြီးသော အဋ္ဌကထာစာအုပ်(၂၇)အုပ်နှင့် သဗ္ဗဇေယျမင်္ဂလာပရိတ်တော် ကွန်ပျူတာစာမူများကို ရှင်းလင်းပြသလျှောက်ထားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဖျောက်မြို့ရှိ ထင်သာမြင်သာရှိသည့်နေရာများ၌ မီးသတ်စခန်းဖုန်းနံပတ်ပါ စတစ်ကာများကပ်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ထင်သာမြင်သာရှိသောနေရာများ၌ မီးသတ်စခန်း၏ဖုန်းနံပတ်ပါ စတစ်ကာများကို ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက် ၉ နာရီတွင် မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံကပ်ပေးခဲ့ကြောင်း သိရသည်။ " အခုလို မီးသတ်စခန်းဖုန်းနံပတ်တွေကိုလိုကိကပ်ပေးထားတော့ အရေးဟဲ့ အကြောင်းဟဲ့ မီး လောင်ပြီဆိုရင် မီးသတ်စခန်းကို ချက်ခြင်းဖုန်းဆက်ပြီးအကြောင်းကြားလို့ရသွားတာပေါ့။ ဒါမှသာ မီးကိုအချိန်မီငြှိမ်းနိုင်ပြီး ဆုံးရှုံးမှုနည်းမှာ အရမ်းကောင်းတဲ့အစီအစဥ်ပါ"ဟု အဖျောက်မြို့နေ ကိုကျော်သူထွန်းကပြောသည်။ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်စခန်းဖုန်းနံပတ်ပါ စတစ်ကာများကပ်ခြင်းအပြင် မီးသတိမူရေးဆော်ဩခြင်း၊ မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ မီးလောင်မီးလန့်မှုနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ Hotline နံပတ်...

အကျိုးရလဒ်များစွာကိုဆွေးနွေးနိုင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး၏ ဘရူနိုင်းခရီးစဥ်

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂)ဖြစ်သူ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ယူဆွတ် ၏ဖိတ်ကြားချက်အရ ဘရူနိုင်းနိုင်ငံသို့ တရားဝင်ခရီးစဥ်အဖြစ် ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့က သွားရောက်ခဲ့သည်။ ဝန်ကြီးဦးသန်းဆွေသည် ဇန်နဝါရီ ၂၃ ရက်မွန်း လွဲပိုင်းတွင် ဘရူနိုင်းဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ အား Istana Nurul Iman နန်းတော်၌...

အရေပြားအစားထိုးကုသမှုများအတွက် ငါးတိန်းအရေခွံကိုသုံးနိုင်

ဒေသအခေါ် “bangus” ဟု သိကြသည့် ငါးတိန်း(milkfish)သည် အရေပြားခွဲစိတ်ကုသမှုများအတွက် ဈေးချိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်သော အရင်းအမြစ်အသစ်တစ်ခုဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံရှိ ထိပ်တန်းသုတေသနအင်စတီကျူမှ သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ အရေပြားအစားထိုးခြင်းသည် မီးလောင်ဒဏ်ရာများ၊ ထိခိုက်နာများ၊ နာတာရှည်အနာများနှင့် ကင်ဆာတို့ကို ကုသရန်အတွက် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ သို့သော်လည်း လူ၊ ဝက်နှင့် အရေပြားတုကဲ့သို့ အစဉ်အလာ အရေးပြားအစားထိုးမှုရင်းမြစ်များသည် ငွေကုန်ကြေးကျများပြီး အထူးသဖြင့် ဖိလစ်ပိုင်ကဲ့သို့ ဆင်းရဲသောနိုင်ငံများတွင် အလွယ်တကူ မရရှိနိုင်ပေ။ ဖိလစ်ပိုင်နိုင်ငံမှ ဆရာဝန်များသည် လူ့အရေပြားကဲ့သို့ ကောင်းမွန်ကြောင်း သက်သေပြထားနိုင်သည် Nile တိလားပီးယားငါးအရေခွံကို အစားထိုးပတ်တီးတစ်ခုအဖြစ် ၂၀၁၅ ခုနှစ်က၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071