ဒါရိုက်တာ မြို့တော်မောင်ယဉ် အောင်က “နောင်တွင်ဥဒါန်းတွင်စေသတည်း” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို မကြာခင်မှာ ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ဇာတ်ကားမှာတော့ မြို့ရွှေမန်းသား ဖိုးချစ်အပါအဝင် မင်းသား ၃ ယောက် ပါဝင်မှာဖြစ်ပြီး မင်းသမီး ကတော့ ၃ ယောက်လောက် ပါဝင် မယ်လို့ သိရပါတယ်။ ဇာတ်လမ်းပုံစံ ကတော့ ဆရာဝန်တစ်ယောက်ရဲ့ သစ္စာတရားကို ရိုက်ကူးပြသသွားမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ အကယ် ဒမီ အနေနဲ့ ဒီဇာတ်ကားကို မျှော် မှန်းထားလားလို့ မေးတော့..
” မမျှော်မှန်းရဲပါဘူး။ ကျွန်တော်က ရုပ်ရှင်သမားမဟုတ်ဘူးလေ။ ဘာပဲပြောပြော ဇာတ်သမားပဲလေ။ ဇာတ်ခုံပေါ်ကလူဆိုတော့ သူတို့ ပံ့ပိုး ကူညီမှုတွေ အများကြီးလိုပါတယ်” လို့ မြို့တော်မောင်ယဉ်အောင်က ပြောပါတယ်။ မြို့တော် မောင်ယဉ်အောင်ကသူကိုယ်တိုင်ကလည်း အကယ်ဒမီ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သလို သူ့ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင် တွေကိုလည်း အကယ်ဒမီရအောင် စွမ်းဆောင်ပေး နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြ မယ့် သရုပ်ဆောင်တွေကို အကယ် ဒမီရအောင် ဘယ်လိုစွမ်းဆောင်ပေးသွားမလဲလို့ မေးတော့..
” ကျွန်တော့်အပေါ်မှာချည်းပဲ မဟုတ်ပါဘူး။ သူတို့လုပ်ဆောင်ချက်အပေါ်မှာ မူတည်ပါတယ်။ ကျွန် တော်ကတော့ ဇာတ်ကိုပီပြင်အောင် တော့ လုပ်ထားပြီးပါပြီ။ ဘာကြောင့် လဲဆိုတော့ လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ် လောက်က ဇာတ်ကိုး။ ဒီခေတ် Version နဲ့ကိုက်အောင် ပြန်ပြင်ပြီး တော့ လုပ်ထားတယ်။ သူတို့လုပ်နိုင် တဲ့သူကတော့ရမှာပါပဲ” လို့ ပြောပါတယ်။ ဇာတ်ကားကိုတော့ မန္တလေး နဲ့ ပုဂံမှာ ရိုက်ကူးသွားမှာဖြစ်ပြီး ဒီ ဇာတ်ကားကို ရိုက်ကူးရက် ၂ဝ ရက် ပတ်ဝန်းကျင်နဲ့ ရိုက်ကူးသွားမှာ ဖြစ် ကြောင်းလည်း သိရပါတယ်။
လင်းအက္ခရာ