လီမာ၊နိုဝင်ဘာ ၁၅
ဆိုးလ်နှင့် ပေကျင်းအကြား တည်ငြိမ်ကောင်းမွန်သည့်ဆက်ဆံရေးဖော်ဆောင်သင့်ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများလည်းလုပ်ဆောင်သင့်ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။
၃၁ ကြိမ်မြောက် အေပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး ပြင်ပ၌ တောင်ကိုးရီးယားသမ္မတ ယွန်းဆော့ယော်နှင့်တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖျင်ကယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ရှီက လွန်ခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများတွင် အပြောင်းအလဲများစွာမြင်တွေ့ခဲ့ရပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အခြေအနေ မည်မျှပြောင်းလဲစေကာမူ တရုတ်နှင့် တောင်ကိုရီးယားတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ရသည့် မူရင်းရည်ရွယ်ချက်ကို မမေ့ဖျောက်သင့်ဘဲ အိမ်နီးချင်းကောင်းပီသစွာ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစွာလိုက်နာပြီး အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု ပန်းတိုင်ကိုဆက်လက်ထားရှိရန်လည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ