ဆိုးလ်၊ မတ် ၂၆
တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာ၌ မီးသတ် ရဟတ်ယာဉ်တစ်စီး သည် ဗုဒ္ဓဟူးနေ့က ပျ-က်-ကျခဲ့ရာ လေယာဉ်မှူး ေ-သဆုံးခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့သည်။
ရဟတ်ယာဉ်သည် မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်ခန့်တွင် ပျ-က်-ကျခဲ့ကြောင်း သိရှိရသည်။ ပျ-က်-ကျသော နေရာသည် ဆိုးလ်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အကွာ ဦးစောင်းမြို့ရှိ တောင်ကုန်းတစ်ခုပေါ်တွင်ဖြစ်သည်။ တောမီးကို ငြှိမ်းသတ်ရန် လုပ်ဆောင်နေစဉ်တွင် ထိုကဲ့သို့ ရဟတ်ယာဉ် ပျ-က်-ကျခဲ့ခြင်းဖြစ်သည်။
လေယာဉ်မှူးကို ေ-သဆုံးလျက် တွေ့ရှိခဲ့ရသည်။
လေယာဉ်ပျ-က်ကျ-မှုဖြစ်ရသော အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
Ref: ရှင်းဟွာ