Wednesday, November 20, 2024

Starship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့် မတ်စ်...

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် ၎င်း၏ ဧရာမဒုံးပျံ Starship ကို အင်္ဂါနေ့တွင် တက္ကဆပ်စ်ရှိ လွှတ်တင်စင်မှ အာကာသသို့ လွှတ်တင်ခဲ့ပြီး ဒုံးပျံ၏...

(၄)လတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဧည့်သည်...

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလတာကာလအတွင်း ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ကာလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့်...

နာဂဒေသထွက် ကျောက်ကြမ်းပိုးများအား တရုတ်မှ ဈေးကောင်းပေး...

နာဂဒေသတွင် ဆောင်းတွင်းကာလထွက်သည့် ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူလျှက်ရှိကြောင်း ထန်ပါခွေဒေသခံများထံက သိရသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ဆောင်းတွင်းကာလ ရာသီပေါ်ဖြစ်သော ကျောက်ကြမ်းပိုး ရောင်းသူ၊...

တာမွေတွင် အမျိုးသား တစ်ဦး ကားတို-က်ခံခဲ့ရမှုကြောင့်...

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ SKY STAR Hotel အနီးတွင် အမျိုးသားတစ်ဦး ကားတို-က်ခံခဲ့ရမှုကြောင့် ေ-သဆုံးခဲ့ရသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ...
HomeNewsLocal Newsဆို၊ က၊ ရေး၊...

ဆို၊ က၊ ရေး၊ တီး ယှဥ်ပြိုင်နေမှုများကို နစက ဥက္ကဋ္ဌနှင့်ဇနီးတို့ကြည့်ရှုအားပေး

နေပြည်တော်၌ (၂၅) ကြိမ်မြောက် ငွေရတုအ ထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အ က၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)အဖြစ် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များက ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။

ထိုသို့ ယှဥ်ပြိုင်နေမှုများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ အောက်တိုဘာ ၁၈ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဝါသနာရှင်အဆင့်(ပထမတန်း)အမျိုးသမီးပြိုင်ပွဲဝင်များမှ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်ညီညာစွာအသုံးပြု၍ တိုင်းနှင့်ပြည်နယ်အလိုက် ဆိုင်းဝိုင်းအဖွဲ့များ၏ ပံ့ပိုးတီးခတ်မှုဖြင အနုသုခုမရသစုံလင်သော ဆို၊ ငို၊ ပြော အကအလှများဖြင့် က ကြိုးကကွက်စုံလင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့ပြင် အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း(အမျိုးသမီး) (ဂီတာ)အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ”(ကြိုး) သီ ချင်းအား သီချင်း၏ရသပေါ်လွင်စေပြီး နားဆင်သူများနားဝင်ပီယံရှိစေရန် လက်စွမ်းပြတီးခတ်ယှဉ်ပြိုင်နေမှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။

ယှဥ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီးနောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပ ညာရှင်များနှင့် ပြိုင်ပွဲဝင်များအား နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Starship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့် မတ်စ် ကြည့်ရှု

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် ၎င်း၏ ဧရာမဒုံးပျံ Starship ကို အင်္ဂါနေ့တွင် တက္ကဆပ်စ်ရှိ လွှတ်တင်စင်မှ အာကာသသို့ လွှတ်တင်ခဲ့ပြီး ဒုံးပျံ၏ အကာသပျံသန်းမှု စွမ်းရည်ကို မြှင့်ခဲ့သည်။ သို့ရာတွင် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်လာရောက်ကြည့်ရှုခဲ့သော အဆိုပါလွှတ်တင်မှုတွင် ဒုံးလွှတ် booster ကို ပစ်စင်သို့ ပြန်ယူရာတွင် လွဲချော်ခဲ့သည်။ လပေါ်သို့ အကာသယာဉ်မှူးများ စေလွှတ်ရန်နှင့် အင်္ဂါဂြိုဟ်သို့ လူပို့ဆောင်ပေးရန် ရည်ရွယ်သော အကြမ်းအားဖြင့် ပေ ၄၀၀ အရှည်ရှိ ဒုံးပျံစနစ်ကို တက္ကဆပ်စ်ပြည်နယ် ဘိုကာချီကာရှိ SpaceX...

(၄)လတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလတာကာလအတွင်း ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ကာလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့် ဇူလိုင်လတွင် (၄၄၀၉၁၇) ဦး၊ သြဂုတ်လတွင် (၃၆၃၂၆၁)ဦး၊ စက်တင်ဘာလတွင် (၅၀၈၅၃၁) ဦး၊ အောက်တိုဘာလတွင် (၆၇၈၉၁၅) ဦး စုစုပေါင်း (၁၉၉ ၁၆၂၄) ဦး လာရောက်ဖူးမြော်ခဲ့ကြကြောင်း စာရင်းအချက်အလက်များအရ သိရသည်။ ရွှေတိဂုံစေတီတော်သို့ ပုံမှန်အားဖြင့် တစ်ရက်လျှင်ဘုရားဖူး လာရောက်သူ တစ်သောင်းဝန်းကျင်ရှိပြီး ရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင်...

နာဂဒေသထွက် ကျောက်ကြမ်းပိုးများအား တရုတ်မှ ဈေးကောင်းပေး ဝယ်ယူလျှက်ရှိ

နာဂဒေသတွင် ဆောင်းတွင်းကာလထွက်သည့် ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူလျှက်ရှိကြောင်း ထန်ပါခွေဒေသခံများထံက သိရသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ဆောင်းတွင်းကာလ ရာသီပေါ်ဖြစ်သော ကျောက်ကြမ်းပိုး ရောင်းသူ၊ ဝယ်သူများဖြင့် တပိုင်တနိုင်မိသားစု ဝင်ငွေရရှိလျက်ရှိပြီး ကျောက်ကြမ်းပိုး (၁၀)သား လျှင် (၃၆၀၀၀) ကျပ်ရရှိပြီး (၁) ပိဿာလျှင် (၃၆၀၀၀၀) ကျပ်ရရှိကြောင်းသိရသည်။ ကျောက်ကြမ်းပိုးကို လဟယ်၊ ခန္တီး၊ နန်းယွန်း၊ ပန်ဆောင်မြို့ ကိုယ်စားလှယ်များက လာရောက်ဝယ်ယူလျက်ရှိပြီး ကျောက်ကြမ်းပိုးများရှိရာ နန်စလိန်ချောင်း ကမ်းပါးအနီးတဝိုက်တွင် ကျောက်ကြမ်းပိုးရှာသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။ နာဂဒေသ၊ ထန်ပါခွေမြို့ ဒေသခံပြည်သူ လူငယ်များက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071