ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၉ ခုအပါအဝင် ဆုတံဆိပ် ၆၂ ခုရရှိခဲ့
ဗီယက်နမ်နိုင်ငံမှ မေ ၁၂ ရက်မှ ၂၃ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာ့လက် ရွေးစင်အားကစားအဖွဲ့များမှ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အားကစားအ ဖွဲ့သည် အားကစားနည်း ၂၀ မျိုးတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် ၃ ခု၊ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ကာ ယဗလနှင့်ကာယကြံ့ခိုင်မှုမှရွှေတံဆိပ် ၁ ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ဘိလိ ယက်နှင့်စနူကာအားကစားနည်းမှရွှေတံဆိပ် ၁ ခု၊ပိုက်ကျော်ခြင်းအားကစားနည်းမှရွှေတံဆိပ် ၁ ခုနှင့်ပီတန်းအားကစားနည်းမှရွှေတံဆိပ် ၁ ခု(စုစု ပေါင်း ရွှေတံဆိပ် ၉ ခု)ဆွတ်ခူးနိုင်ခဲ့သည်။
အလားတူ ဗိုဗီနမ်၊ဝူရှူး၊ကာယဗလနှင့်ကာယကြံ့ ခိုင်မှု၊ Kurash၊ဘိလိယက်နှင့်စနူကာ၊ပိုက်ကျော်ခြင်း၊ပီတန််း၊ဂျူဒို၊ပြေးခုန်ပစ်၊သေနတ်ပစ်၊ကနူး/ကယက်၊တိုက်ကွမ်ဒို၊အပြည်ပြည်ဆိုင်ရာလှေလှော်၊လက်ဝှေ့၊မြှားပစ်နှင့်အလေးမအားကစားနည်းတို့မှလည်း ငွေတံဆိပ် ၁၈ ခုနှင့်ကြေးတံဆိပ် ၃၅ ခုရရှိခဲ့သည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ နိုင်ငံအ လိုက်ဆုရရှိမှုစာရင်းတွင် အဆင့် ၇ ၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် မေ ၂၂ ရက်ညနေ ၄ နာရီ၌ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊အား ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊အနုပညာရှင်များ၊ပြိုင်ပွဲဝင် အားက စားသမားများ၏ မိဘများ၊ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကကြိုဆိုခဲ့ကြသည်။
မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့အား မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး မင်းသိန်းဇံ ဦးဆောင်၍ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။