Friday, December 20, 2024

မီနီမာရသွန်အပြေးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၃) မျိုးဖြင့်...

မူဆယ်မြို့တွင် ကျင်းပမည့် မီနီမာရသွန်အပြေးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၃) မျိုးဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မူဆယ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်(စနေနေ့) နံနက်(၀၆:၀၀)...

အိမ်ခြံမြေနှင့်ကား အရောင်း ပြပွဲကြီးကို Junction...

Shwe Taung Real Estate ၊ iMyanmar House နှင့် CarsDB တို့မှ ပူးပေါင်းကျင်းပသည့် အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီးကို...

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အမြန်ဆုံးအကောင်ထည်ဖော်ရန်...

မြန်မာ့အရေးအာဆီယံ ကိုးနိုင်ငံ၏ အလွတ်သဘောအစည်းအဝေး၌ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံအနေဖြင့် အမြန်ဆုံးအကောင်ထည်ဖော်ရန် တိုက်တွန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသည့် ဒေါ်အောင်ဆန်းစုကြည်ကို...

ယူကရိန်းကိုထောက်ပံ့ရန် ဥရောပသမဂ္ဂ ယူရို ၁၃၀...

ဥရောပသမဂ္ဂသည် ယူကရိန်းကို ထောက်ပံ့ရန်အတွက် ယူရို ၁၃၀ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန်က ဘယ်လ်ဂျီယံနိုင်ငံ...
HomeInternationalဆီးရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင်...

ဆီးရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ ရှိနေပြီးဖြစ်ကြောင်း ပင်တဂွန်ဆို

လက်ရှိတွင် အမေရိကန် စစ်မှုထမ်း ၂၀၀၀ ခန့် ဆီးရီးယားတွင် ရောက်ရှိတပ်ဖြန့်ထားကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ရိုင်ဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခင်ကမူ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ သာရှိကြောင်း ပင်တဂွန်ကကြေညာခဲ့ဖူးသည်။

“ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ ခန့် တပ်ဖြန့်ချထားကြောင်း ကျွန်တော်တို့ အရင်က သတင်းထုတ်ပြန်ခဲ့ဖူးပေမယ့်၊ တကယ်တော့ ဆီးရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး ရှိနေတယ်ဆိုတာကို ဒီနေ့ ကျွန်တော် သိလိုက်ရတယ်”ဟု ပက်ထရစ်ရိုင်ဒါကပြောခြင်းဖြစ်သည်။

“ISIS တွေအတွက် စစ်ဆင်ရေးမှာ ဒီတပ်ဖွဲ့ဝင်တွေဟာ အာဆတ်အစိုးရ မပြုတ်ခင်ကတည်းက ရှိနေခဲ့တာပါ” ဟုလည်း သူက ဆက်ပြောသည်။

ပြောင်းရွှေ့မစ်ရှင်လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ဖြန့်ကျက်ချထားသော ယာယီအလှည့်ကျတပ်ဖွဲ့များအဖြစ် ရိုင်ဒါက ဆိုထားပြီး အဓိကတပ်ဖွဲ့ဝင် ၉၀၀ ကိုမူ ရေရှည်တပ်ဖြန့်ထားဆဲဖြစ်သည်။ တပ်ဖွဲ့အမျိုးအစားကိုမူ ရိုင်ဒါက ထုတ်ဖော်ပြောကြားခြင်းမရှိချေ။

နိုဝင်ဘာ ၂၇ ရက်က ဆီးရီးယား လက်နက်ကိုင် အတိုက်အခံများသည် အလက်ပိုနှင့် အိုင်ဒလစ်ပြည်နယ်များရှိ အစိုးရတပ်များကို အကြီးစား ထိုးစစ်ဆင်ခဲ့သည်။ ဒီဇင်ဘာ ၇ ရက်ညနေပိုင်းတွင် သမ္မတ ဘာရှာအာဆတ်၏ အတိုက်အခံများသည် အလက်ပို၊ ဟာမာ၊ ဒါရာနှင့် ဟုမ်းများ အပါအဝင် မြို့ကြီးအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။ ဒီဇင်ဘာ ၈ ရက်တွင် ၎င်းတို့သည် ဒမတ်စကတ်သို့ ဝင်ရောက်ကာ စစ်တပ်ကို မြို့တော်မှ ဆုတ်ခွာစေခဲ့သည်။ ထို့ကြောင့် သမ္မတအာဆတ် နှုတ်ထွက်ပြီး နိုင်ငံမှ ထွက်ခွာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက အဒ္ဒလစ်ဘ် ပြည်နယ်ရှိ ဆီးရီးယား ကယ်တင်ရေး အစိုးရကို ဦးဆောင်ခဲ့သည့် မိုဟာမက် အယ်လ်-ဘာရှားအား ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့အထိ ဆီးရီးယား ယာယီအစိုးရ၏ အကြီးအကဲအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မီနီမာရသွန်အပြေးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၃) မျိုးဖြင့် ပြုလုပ်မည်

မူဆယ်မြို့တွင် ကျင်းပမည့် မီနီမာရသွန်အပြေးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၃) မျိုးဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မူဆယ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်(စနေနေ့) နံနက်(၀၆:၀၀) နာရီတွင် မီနီမာရသွန် အပြေးပြိုင်ပွဲအား ပြိုင်ပွဲအမျိုးအစား(၃)မျိုးဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။ အပျော်တမ်းပြိုင်ပွဲဝင်များအနေဖြင့် ပြေးလမ်းကြောင်းတွင် မင်္ဂလာမူဆယ်မှ ကမ်းနားလမ်းထောင့်မှ မင်္ဂလာမူဆယ်အိမ်ရာဝင်းကိုပတ်၍ မင်္ဂလာမူဆယ်အထိ (၄)ကီလိုရှိပြီး အဆိုပါပြိုင်ပွဲတွင် အသက် (၅၀)နှစ်အထက်လူကြီးများ၊ အသက်(၁၂)နှစ်အောက် ကလေ-းများနှင့် မိသားစုအလိုက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး၊ မိသားစုအလိုက်ပြိုင်ပွဲဝင်ရာတွင် အုပ်ထိန်းသူအပါအဝင် အသက်(၁၂)နှစ်အောက် သား/သမီး(၁)ဦး (သို့မဟုတ်)(၂)ဦး ပါရှိရမည်ဖြစ်သည်။ ပထမ ရရှိသူအား...

အိမ်ခြံမြေနှင့်ကား အရောင်း ပြပွဲကြီးကို Junction Square (Promotion Αrea) တွင် သုံးရက်ကြာကျင်းပမည်

Shwe Taung Real Estate ၊ iMyanmar House နှင့် CarsDB တို့မှ ပူးပေါင်းကျင်းပသည့် အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီးကို Junction Square (Promotion Αrea) တွင် သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရောင်းပြပွဲကြီးကို ၂၀၂၄ ခုနှစ် ယနေ့ ဒီဇင်ဘာလ ၂၀ ရက် မှ ၂၂ ရက် (တနင်္ဂနွေနေ့) အထိ (၃) ရက်တိုင်တိုင် မနက် (၉) နာရီမှ ညနေ (၅)နာရီ...

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အမြန်ဆုံးအကောင်ထည်ဖော်ရန် အာဆီယံ ကိုးနိုင်ငံ အစည်းအဝေးတွင် ဆွေးနွေး

မြန်မာ့အရေးအာဆီယံ ကိုးနိုင်ငံ၏ အလွတ်သဘောအစည်းအဝေး၌ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံအနေဖြင့် အမြန်ဆုံးအကောင်ထည်ဖော်ရန် တိုက်တွန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် လိုအပ်ကြောင်းလည်း အစည်းအဝေးတက်ရောက်သည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်ကလည်း ပြောသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍ တာရှည်ခံသည့် အဖြေတစ်ခု ရရှိရန် မြန်မာနိုင်ငံ၏ အဓိက သက်ဆိုင်သူများကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုသည် မရှိမဖြစ်လိုအပ်နေပြီဖြစ်ကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန် က တိုက်တွန်းပြီး သက်ဆိုင်သူအားလုံးပါဝင်သည့် အာဆီယံဆွေး‌နွေးပွဲများဖြစ်ရန်လည်း ‌မျှော်လင့်ကြောင်း သူကဆိုသည်။ အထက်ပါ အစည်းအဝေးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071