ဆိုင်းပညာရပ်နဲ့ပတ်သက်ပြီး ပိုမိုမြှင့်တင်သွားဖို့ သဘင်အစည်းအရုံး (ဗဟို)အနေနဲ့ အစီအစဉ်တွေရှိ ကြောင်း သဘင်အစည်းအရုံး (ဗဟို)တွဲဖက်အတွင်း ရေးမှူး- ၁ မြန်မာပြည်ကျောက်စိမ်းက ပြောပါတယ်။ လက်ရှိသဘင်အစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့မှာ ဆိုင်းပညာရှင်ကြီးတွေလည်း ပါဝင်နေတဲ့အတွက် ဆိုင်း ပညာရပ်ကို ပိုမိုမြှင့်တင်သွားမှာဖြစ်ကြောင်း၊ ရိုးရာဂီတ တွေ မပျောက်ကွယ်ဖို့အတွက်ကတော့ ရင်ထဲမှာအမြဲရှိပါ ကြောင်း သူကထပ်ပြောပါတယ်။ မြန်မာ့ဆိုင်းဝိုင်းမှာ အနောက်တိုင်းတူရိယာတွေနဲ့ပါ တွဲဖက်ပြီးတင်ဆက် မှုတွေရှိလာတဲ့အခါမှာ ရိုးရာနဲ့ပတ်သက်လို့ သဘင် အစည်းအရုံး (ဗဟို)အနေနဲ့ ဘယ်လို ဆောင်ရွက်သွားဖို့ ရှိမလဲလို့ သူ့ကိုမေးတဲ့အခါမှာတော့..
” ပြောရရင်တော့ ကီးဘုတ်ဆိုတာက ကျွန်တော်လည်း မကင်းပါဘူး။ အနောက်တိုင်းတူရိယာတွေနဲ့ရော၊ ပညာရှင်တွေနဲ့ရော ပူးပေါင်းပြီး သူ့ဂီတ ကိုယ့်ဂီတ နှီးနှောဖလှယ်ကြတာတွေလည်း ရှိပါတယ်။ အခုဟာ ကျွန်တော်မြင်တွေ့ရတာတွေရော၊ ကြားသိနေရတာတွေ ရောက ဆိုင်းကြီးကိုဘန်းပြပြီးတော့ အနောက်တိုင်းတူ ရိယာတွေကိုပဲ အများဆုံးသုံးနေကြတယ်။ ဆိုင်းသံကို သိပ်မကြားတော့ဘူး။ လွယ်လင့်တကူပေါ့လေ။ ပရိသတ် ကို တအားအလိုလိုက်ပြီးတော့ ရိုးရာထဲမှာကို အဆမတန် လွန်ကြူးပြီးတော့ ဖျော်ဖြေမှုက မတရားကြီးဖြစ်နေ တယ်။ မြန်မာ့ဆိုင်းဝိုင်းကြီးက နောက်ရောက်ပြီးတော့ သူများတူရိယာတွေက ရှေ့ရောက်နေတယ်။ ဒါတွေလည်း ရှိကြတယ်။ အဲဒီအတွက် တွေးပြီးတော့ ပူတာပေါ့ဗျာ။ တီးဝိုင်းက တီးဝိုင်းသက်သက် ဒီလိုလေးလုပ်သင့်တယ်။ သဘောက လူငယ်ပရိသတ်တွေအတွက်လည်း အများဆုံး ၁ဝ ပုဒ်လောက် တီးပေးလိုက်ပေါ့ဗျာ။ ပြီးတာနဲ့ ဆိုင်းတီးပါရစေ၊ မြန်မာ့ရိုးရာအမွေအနှစ်တွေ ပျောက်မှာစိုးလို့ဆိုပြီး ပရိသတ်တွေကို ဒီလိုဧည့် ခံလို့ရပါတယ်။ ကျွန်တော့်အမြင်ပြောတာပါ။ ဆိုင်းအရသာကိုလည်း ပေါ်လွင်အောင်၊ လူငယ်တွေလည်း ကျေနပ်အောင်ပေါ့။ အဲဒီလိုလေးလုပ်မယ်ဆိုရင် ရိုးရာဆိုင်းဝိုင်းကြီးက အလှူမင်္ဂလာမဏ္ဍပ်ကြီးနဲ့ လည်း တင့်တယ်နေမယ်လို့ မြင်ယောင်ပါတယ်။ပျောက်လည်း မပျောက်ကွယ်ပါဘူး။ အနောက်တိုင်း တူရိယာတွေကို မပါဘဲနဲ့လည်းမပြောချင်ပါဘူး။ ဘယ်လိုညှိနှိုင်းပြီး လုပ်ကြမလဲ၊ ဘယ်လိုဖျော်ဖြေကြမလဲ ပေါ့။ ဒါမျိုးလေးတွေတော့ စဉ်းစားချင့်ချိန်ပြီး သုံးသပ်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။
ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုဆိုတာရှိတဲ့အတွက် တိုင်းတစ်ပါးယဉ် ကျေးမှု မဖုံးလွှမ်းအောင် စောင့်ရှောက်ကာကွယ်ဖို့နဲ့ ရိုးရာ ယဉ်ကျေးမှုပျောက်ကွယ်သွားမှာ စိုးတဲ့အတွက်ကြောင့်ဖြစ် ကြောင်း သူက ထပ်ပြောပါတယ်။
” အနောက်တိုင်းတူရိယာ ဆိုတာကိုလည်း ခွဲခွဲခြားခြား ကျွန်တော်တို့လည်း မပြောလိုပါဘူး။ ပရိသတ်နဲ့ အခြေအနေအရ လုပ်ကိုင်ရတာလည်း နားလည် သဘောပေါက် တယ်။ သို့ပေမယ့်လည်း ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့် ယဉ်ကျေးမှုဆိုတာရှိတဲ့အတွက် ရိုးရာယဉ်ကျေးမှုဆို တာကြီးလည်း ပျောက်သွားမှာစိုးတဲ့အတွက်ကြောင့်ပါ။ အခုဟာက တအားကို လွန်လွန်ကဲကဲကြီး ဖြစ်နေလို့သာပါ။ သို့ပေမယ့်လည်း တိုင်းတစ်ပါးယဉ်ကျေးမှု မဖုံးလွှမ်းအောင် စောင့်ရှောက်ကာကွယ်ဖို့ပေါ့။ လူငယ်တွေအနေနဲ့လည်း ကျွန်တော်တို့ကတော့ ဘယ်လိုဖြစ်ချင်တယ်ဆိုတာမျိုး လေးတွေ တင်ပြပါ။ အားလုံးအများဆန္ဒနဲ့ ညှိညှိ နှိုင်းနှိုင်း ဆိုင်းပညာရှင်ကြီးတွေနဲ့ တိုင်ပင်ပြီးတော့ ဘယ်လိုလုပ်သင့် တယ်၊ ဘယ်လိုသွားသင့်တယ်ဆိုတာတွေကို ကျွန်တော် တို့က စောင့်ဆိုင်းမှာပါ။ ဒါတွေပြီးတော့မှသာ သဘင့် ဥပဒေအနေနဲ့ လွှတ်တော်တင်သွင်းပြီးတော့ ထုတ်ပြန် မှာပါ။ ကျွန်တော်တို့အနေနဲ့က ညှိနှိုင်းဆွေးနွေးသွားမှာ ပါပဲ။ ပိတ်ပင်ရအောင်လည်း ကျွန်တော်တို့က အာဏာပိုင် အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျကျ အများဆန္ဒ ခံယူပြီးတော့မှသာ ရေးဆွဲကြမှာ ဖြစ်ပါတယ်” လို့ မြန်မာပြည်ကျောက်စိမ်းက ပြောပါတယ်။
လင်းအက္ခရာ