၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းရှိ မြစ်ရေများအနေဖြင့် လက်ရှိရေမှတ်အောက် (၁) ပေမှ (၃) ပေခန့် အထိ ကျဆင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ ဒီဇင်ဘာ (၂၈)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံ၏ စိုက်ပျိုးရေး မွေးမြူရေး အဓိက အားထားရာ ဧရာဝတီမြစ်ရေသည် ၎င်းစီးဆင်းရာ တလျှောက်ဖြစ်သော မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး ၊ စစ်ကိုင်း၊ မြင်းမူ၊ ပုခုက္ကူ ၊ ညောင်ဦး၊ မင်းဘူး၊ ချောက်၊ မကွေး၊ ပြည် ၊ အောင်လံ၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တို့တွင် လက်ရှိရေမှတ်အောက် (၁)ပေမှ (၃)ပေအထိ ကျဆင်းနိုင်ကြောင်း သိရသည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့တို့တွင် လက်ရှိရေမှတ်အောက် (၁)ပေမှ (၂)ခန့်အထိ ကျဆင်လာနိုင်ကြောင်း ဆိုသည်။
ထိုအပြင် အခြားမြစ်များဖြစ်သော မြစ်သာမြစ်ရေသည် ကလေးမြိူ့တွင် (၁)ပေခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို့တွင်ပေဝက်ခန့်၊ ရွေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်ကြောင်း သိရသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူ နှင့် မဒေါက်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ပေခန့် ၊ ပဲခူးမြစ်ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်အောက်ကျဆင်လာနိုင်ကြောင်း သိရသ ည်။
အလားတူ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်းနှင့်ပုသိမ်မြို့တို့တွင် ပေဝက်မှ (၁)ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်ကြောင်း သိရသည်။