Sunday, December 15, 2024

အာဆီယံ ကော်မတီ ဝါရှင်တန် (ACW)၏...

အာဆီယံကော်မတီဝါရှင်တန် (ACW)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးမှ စင်ကာပူသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ််သည့်...

ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲ ရထားခရီးစဥ်(၆)ခု...

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တ လေးရထားလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၃ ရက်ည ၁၁ နာရီ ၄၀ မိနစ်ခန့်က မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားခရီးစဥ်(၆)ခုကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ကြောင်း...

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို...

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့လည် ၁...

ပြည်ပခရီးစဉ်၌ လှေကားပေါ်မှချော်ကျပြီး နန်စီပေလိုစီ ဆေးရုံတင်လိုက်ရ

ဝါရှင်တန်၊ဒီဇင်ဘာ ၁၄ အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပေလိုစီသည် လူဇင်ဘတ်နိုင်ငံသို့ သွား ရောက်စဉ်အတွင်း လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူဇင်ဘတ်မြို့ရှိဆေးရုံသို့တင်ခဲ့ရသည်ဟုသိရသည်။ “Bulge” တိုက်ပွဲနှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ်...
HomeMyanmar Theatrical Traditionဇာတ်ဆရာသား ဖြစ်ပေမယ့် အောက်ခြေကနေဘဝကို...

ဇာတ်ဆရာသား ဖြစ်ပေမယ့် အောက်ခြေကနေဘဝကို စခဲ့ရတဲ့ လူရွှင်တော် ကောင်းကျော်

ဟာသသရုပ်ဆောင်၊ လူရွှင် တော် ကောင်းကျော်က အနုပညာ မျိုးရိုးကနေဆင်းသက်လာတဲ့ အနု ပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ အဘိုးဖြစ်သူကတော့ လူရွှင်တော်ကြီး ဦးဓါတ်ရီဖြစ်ပြီး ဖခင်ဖြစ်သူကတော့ လူရွှင်တော်ကြီး ဦးမန်း ကျော်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာဗီဇကတော့ မွေးကတည်းက ပါရှိလာခဲ့ပြီး သူဟာ လူမှန်းသိတတ် စအရွယ်ကတည်းက အနုပညာ တစ်ခုပဲ အာရုံထဲရှိခဲ့တာ ဖြစ်ပါတယ်။

“တစ်ချို့ကြတော့လည်း လူရွှင်တော်ကနေ မွေးဖွားလာတဲ့မင်းသားတွေရှိတယ်။ လူရွှင်တော် ကနေ မွေးဖွားပြီးတော့ လူကြမ်းဖြစ်နေတဲ့သူတွေရှိတယ်။ ပြီးတော့ ကားဆွဲဖြစ်တဲ့ သူတွေလည်း ရှိသလို ထမင်းချက်ဖြစ် တဲ့ သူတွေလည်းရှိတယ်။ အောင်မြင်ထွန်းပေါက်သွားကြတာတွေလည်းရှိကြတယ်။ ကျွန်တော်ကျတော့အဖေက လူရွှင်တော် ဖြစ်တာတစ်ကြောင်း အနုပညာနဲ့ အမြဲ တမ်းမ ကင်းကွာတာတစ်ကြောင်းပေါ့။ ဘာကြောင့် မကင်းကွာတာ လည်း ဆိုတော့ ကျွန်တော် ကျောင်းတက်နေတဲ့ အချိန်မှာ အဖေက ဇာတ်တစ်ဖွဲ့ ထောင်တယ်။ အဒေါ်တွေကဇာတ်တစ်ဖွဲ့ ထောင်တယ်။ အဲဒီလိုဆိုတော့ အနု ပညာပိုးကဘယ်လိုမှသတ်လို့မရတော့ဘူးပေါ့” လို့ သူ့ရဲ့ အနုပညာဗီဇအပေါ် ကောင်းကျော် က ပြောပြပါတယ်။  ကောင်းကျော်ဟာအနုပညာ မျိုးရိုးရှိသလို ဗီဇလည်းပါပေမယ့် ဖခင်ဖြစ်သူ ဦးမန်းကျော် ကတော့သားဖြစ်သူကို အနုပညာအလုပ် မလုပ်စေချင်ဘူးလို့ သိရပါတယ်။ ဒီလို မလုပ်စေချင်တဲ့ အကြောင်း ကိုလည်း …

“ဘာကြောင့်လည်းဆိုတော့ဒီအနုပညာရဲ့ ကြမ်းတမ်းစွာဖြတ်သန်းရတဲ့ဘဝ မျိုးသားသမီးကို မပေးစေချင်ဘူး။ ပညာတတ်ကြီးတစ်ယောက်ဖြစ်စေ ချင်ခဲ့တယ်။သို့သော်ကျွန်တော်ကမရဘူး။ ကျောင်းတက်နေရင်း တန်းလန်းကြီးနဲ့ဇာတ်ကားနောက်ကနေ ခိုးပြီးလိုက်သွားခဲ့တယ်။ ဇာတ်ရုံရောက်မှပဲအဖေကသိတယ်။ အဲဒါနဲ့ အဖေကျွန်တော်တော့ ကျောင်းမနေချင်တော့ဘူး။ သားအနုပညာပဲဝါသနာပါတယ်။ အနု ပညာပဲ လုပ်ချင်တယ် ဆိုပြီးတော့ အဖေ့ကိုပြောလိုက်တယ်။ ဒါနဲ့ အဖေ ကလည်းတားမရလည်း လုပ်ကွာဆိုပြီးတော့ လုပ်ခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ အဖေဇာတ်ထောင်တဲ့နှစ်မှာ လူရွှင်တော်အဖြစ်မကရသေးဘူး။ ဘာလုပ်ရ လည်းဆိုတော့ကားလိပ်ဆင်ခိုင်းတယ်။ အကြမ်းအလုပ်တွေကို အရင်ခိုင်း တယ်။ ဒါကျွန်တော်က ဇာတ်ဆရာရဲ့ သား နော်။ ဒါပေမဲ့ ဇာတ်ဆရာရဲ့ သား လို့မနေခဲ့ရဘူး။ အဖေက ဒါတွေကိုဘာလို့ လုပ်ခိုင်းတာလည်းဆိုတော့ သဘင် ကိုလုပ်တော့မယ်ဆိုရင်သဘင်ရဲ့ အောက်ခြေကစပြီး သိအောင် လို့ လုပ်ခိုင်း ခဲ့တာပါ”လို့ ပြောပါတယ်။အခုလက်ရှိ အချိန်မှာတော့ ‘အင်ပါယာ’ ဆိုတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ထားပြီးရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား တွေကိုလည်း အဆက် မပြတ်ရိုက်ကူးလျက် ရှိနေပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071