Monday, December 16, 2024

မြန်မာနှင့် လာအို ပွဲအတွက် ကြိုတင်လက်မှတ်များ...

အာဆီယံ မစ်ဆူဘီရှီဖလား အုပ်စု (ခ) ၏ တတိယပွဲစဉ် ဖြစ်သည့် မြန်မာအသင်းနှင့် လာအိုအသင်းတို့၏ ပွဲစဉ်ကို ကြည့်ရှုနိုင်ရန် ကြိုတင်လက်မှတ်များ ရောင်းချပေးနေကြောင်း...

အာဆီယံ မစ်ဆူဘီရှီဖလား အုပ်စု (အေ)...

လက်ရှိ ကျင်းပပြုလုပ်နေသည့် အာဆီယံမစ်ဆူဘီရှီဖလားပြိုင်ပွဲ အုပ်စု(အေ)တွင် ထိုင်းလက်ရွေးစင်အသင်းအနေဖြင့် အုပ်စုဗိုလ်အဆင့် တက်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသ ည်။ အုပ်စုတွင်း တတိယနေရာတွင် ရမှတ် (၄)မှတ်ဖြင့် ရပ်တည်နေသည့်...

အရည်အသွေးကောင်းသည့် ထောပတ်သီးများရရှိရန် ထောပတ်သီးနှင့် ပတ်သက်သည့်...

အရည်အသွေးကောင်းသည့် ထောပတ်သီးများရရှိရန် မြန်မာနိုင်ငံ ထောပတ်သီးအသင်းမှ ထောပတ်သီးစိုက်တောင်သူများအတွက် လာမည့်နှစ်တွင် ထောပတ်သီးနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးကို ပြည်တွင်းစျေးကွက်ဖြစ်သည့်...

လာမည့် (၃၆)နာရီအတွင်း အင်အားအသင့်ရှိ မြေငလျင်ငယ်...

မြန်မာနိုင်ငံ၌ လာမည့်(၃၆)နာရီအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် သတင်းများစင်တာက အသိပေးထားသည်။ ယမန်နေ့ ဒီဇင်ဘာ(၁၅)ရက်က အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ၊...
HomeCelebrities' Newsဇာတ်ပို့ဇာတ်ရံတွေ အဆင်မပြေဘူးလို့ကြားသိရတဲ့အခါ စိတ်မကောင်းဘူးသရုပ်ဆောင်...

ဇာတ်ပို့ဇာတ်ရံတွေ အဆင်မပြေဘူးလို့ကြားသိရတဲ့အခါ စိတ်မကောင်းဘူးသရုပ်ဆောင် စိုင်းသီဟ

အက်ရှင်မင်းသားအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ စိုင်းသီဟက တော့ လတ်တလောမှာ တစ်ခါကဆတ်သေချောင်း ရုပ်ရှင်ဇာတ်ကားကို ရိုက် ကူးတော့မှာဖြစ်တယ်လို့သိရပါတယ်။ လတ်တလောမှာလည်း ဆရာဖြစ်သူ ကိုရဲ မင်းပိုင်က သူ့ရဲ့မိသားစုရှိရာပြည်ပကို ပြန်လည်ထွက်ခွာသွားတဲ့အတွက် စိတ်မ ကောင်းဖြစ်နေပုံကိုလည်း စိုင်းသီဟက….

”ကိုရဲ ပြန်သွားတဲ့ခံစားချက်ကတော့ ရင်ထဲမှာမကောင်းဘူး။ လက်ရှိဒီဗီဒီယိုဈေးကွက်ပျက်နေတဲ့ အတိုင်းအတာ နဲ့ဆိုတော့ သူလည်းအလုပ်လုပ်ရင်းနဲ့ စိတ်ပျက်သွားတယ်ထင်ပါတယ်။ အဲဒါကြောင့် ပြန်သွားတာထင်ပါတယ်။ ကိုရဲကို ပြန် လာစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလုပ်သွားတဲ့ အလုပ်က အကောင်အထည်ဖော်ဖို့အတွက် လုပ်သွားတာ လေ။ ဒါက အကောင်အထည်မပေါ်သေးတဲ့အချိန်မှာ သူပြန်သွားတော့ မပြန်စေချင်ဘူး။ အဲဒါက Yes or No အဖြေတစ်ခုသိရတဲ့အချိန်ထိ သူ့ကို ရှိစေချင်တာ။ သူကစိတ်မရှည်ဘဲ ပြန်သွားတော့ လည်း ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ကိုရဲက တအားတော်တဲ့ အနုပညာသမားတစ်ယောက် ပါ”လို့ ပြောပါတယ်။ သရုပ်ဆောင်စိုင်းသီဟ ဟာ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးမှုများတဲ့ အတွက် လက်ရှိဗီဒီယိုဈေးကွက်ပျက်သွားတဲ့ အပေါ်ဘယ်လိုမြင်မိလဲလို့မေးကြည့်တဲ့အခါမှာ တော့ စိုင်းသီဟက ”ဒီအနုပညာဈေးကွက်ကြီးက လောလောဆယ်ယိုင်နဲ့နေတာပဲ။ နောက် ဘာ ဖြစ်မလဲတော့ ကျွန်တော်တို့လည်းမပြောတတ်ဘူး။ ဒီလို ပဲသွားနေရတာပဲ။ ကျွန်တော်ကတော့ အနုပညာနဲ့ပတ် သက်တဲ့အလုပ်တွေပဲ ဆက်လုပ်နေတာပါပဲ။ အရင်ထက်စာ ရင်တော့ နည်းနည်းတော့ပါးသွားတာပေါ့။ ကိုယ်နဲ့အတူတူ လုပ်လာတဲ့ ဇာတ်ပို့ဇာတ်ရံတွေအဆင်မပြေဘူးလို့ကြားသိရတဲ့ အခါမှာလည်း စိတ်မကောင်းဘူးပေါ့ဗျာ။ အားလုံးကို အောင်မြင် စေချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်။ ဒါပေမဲ့လည်း ဈေးကွက်နဲ့ဘယ်လိုခေါ်မလဲအရာအား လုံးကအဆင်မပြေမှုတွေများနေတော့လှုပ်ရှားရတာ ကျွန်တော့်တို့ အတွက်အခက်အခဲတအားဖြစ်တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

မြန်မာနှင့် လာအို ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချပေးနေ

အာဆီယံ မစ်ဆူဘီရှီဖလား အုပ်စု (ခ) ၏ တတိယပွဲစဉ် ဖြစ်သည့် မြန်မာအသင်းနှင့် လာအိုအသင်းတို့၏ ပွဲစဉ်ကို ကြည့်ရှုနိုင်ရန် ကြိုတင်လက်မှတ်များ ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြေညာထားသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး၊ ဝေဇယန္တာလမ်းမကြီး၊ သုဝဏ္ဏကွင်းရှေ့တွင် ဒီဇင်ဘာ (၁၅၊ ၁၆၊ ၁၇)ရက်များ၌ နံနက် (၁၀)နာရီမှ၊ ညနေ(၄)နာရီအထိ ရောင်းချပေးနေပြီး ပွဲနေ့ဖြစ်သည့် ဒီဇင်ဘာ (၁၈) ရက်တွင် နံနက် (၁၁)နာရီမှ ပွဲချိန် ပထမပိုင်း အပြီးထိ အထူးတန်း လက်မှတ်များအား ဂိတ်(၂)၊ ရိုးရိုးတန်း...

အာဆီယံ မစ်ဆူဘီရှီဖလား အုပ်စု (အေ) တွင် ထိုင်းလက်ရွေးစင်အသင်း အုပ်စုဗိုလ် အဆင့်တက်ရောက်

လက်ရှိ ကျင်းပပြုလုပ်နေသည့် အာဆီယံမစ်ဆူဘီရှီဖလားပြိုင်ပွဲ အုပ်စု(အေ)တွင် ထိုင်းလက်ရွေးစင်အသင်းအနေဖြင့် အုပ်စုဗိုလ်အဆင့် တက်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသ ည်။ အုပ်စုတွင်း တတိယနေရာတွင် ရမှတ် (၄)မှတ်ဖြင့် ရပ်တည်နေသည့် မလေးရှားအသင်းကို ရမှတ်(၆)မှတ် ရပ်တည်နေသည့် ထိုင်းအသင်းက အနိုင်ရရှိထားခြင်းဖြစ်သည်။ ရမှတ်(၆)မှတ်ဖြင့် ဒုတိယနေရာတွင်ရပ်တည်နေသည့် စင်ကာပူအသင်းနှင့် မလေးရှားအသင်းတို့မှာ အုပ်စုတွင်း ဒုတိယနေရာတွင်ရပ်တည်ရန် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ လက်ရှိတွင် ထိုင်းအသင်းက (၆)မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး၊ စင်ကာပူ(၆)မှန်ဖြင့် ဒုတိယ၊မလေးရှား(၄)မှန်ဖြင့်တတိယ၊ ကမ္ဘောဒီးယား(၁)ဖြင့် စတုတ္ထနေရာနှင့် အရှေ့တီမော အနေဖြင့် ရမှတ်မရှိသေးကာ ပဉ္စမနေရာတွင် အသီးသီးရပ်တည်နေကြခြင်းဖြစ်သည်။ အလားတူ အုပ်စု(ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ်...

အရည်အသွေးကောင်းသည့် ထောပတ်သီးများရရှိရန် ထောပတ်သီးနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်သွားမည်

အရည်အသွေးကောင်းသည့် ထောပတ်သီးများရရှိရန် မြန်မာနိုင်ငံ ထောပတ်သီးအသင်းမှ ထောပတ်သီးစိုက်တောင်သူများအတွက် လာမည့်နှစ်တွင် ထောပတ်သီးနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးကို ပြည်တွင်းစျေးကွက်ဖြစ်သည့် နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြည်ပစျေးကွက်အနေဖြင့် ထိုင်းနိုင်ငံသို့ Border Trade ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။ " ထောပတ်သီးစပေါ်တဲ့အချိန်တုန်းက စျေးကောင်းမရဘူး။ ဘာကြောင့်လဲဆိုတော့ တာချီလိတ်လမ်းကြောင်းတစ်ခုပဲရှိတဲ့အတွက် စျေးကောင်းမရဘူး။ အခု ဒီဇင်ဘာမှစျေးကောင်းစရတာ။ ဒီနှစ်မှာ အသီးရဲ့ Quality ကလည်း အရမ်းညံ့တယ်" ဟု မြန်မာနိုင်ငံထောပတ်သီးအသင်းမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071