အလှမယ်တစ်ဦးဖြစ်သလို့ သရုပ်ဆောင်တစ်ဦးအဖြစ်လည် ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေသူကတော့ ဇွန်သံစဉ်ပါ။ သူ ကတော့ လက်ရှိမှာ အဆိုဘက်ကိုလည်း လုပ်ဖို့ ကြိုးစားနေကြောင်းကို လည်း ခုလိုပြောပြခဲ့ပါတယ်။
“ညီမ အနုပညာလောကကို ပံ့ပို့ပေးမယ့်သူမရှိဘဲ ကိုယ်ဟာ ကိုယ် ရောက်လာတာဖြစ်တဲ့အတွက် အလွဲအချော်လေးတွေ လည်း ရှိခဲ့တယ်။ နည်းနည်းတော့ခက်ခဲတာပေါ့။ တချို့ ကတော့ ပံ့ပို့ပေးမယ့်သူရှိတဲ့အတွက် ဒီလမ်းကိုဘယ်လိုလျှောက် ရမယ့်ဆိုတာ သိတယ်လေ။ အစတုန်းကတော့ ဝါသနာပါ တာက မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တာပေါ့။ ကြီးလာ တော့ တက္ကသိုလ်ရွေးချယ်တဲ့အခါမှာ အမျိုးသားယဉ်ကျေးမှု နဲ့ အနုပညာတက္ကသိုလ်ကို ရွေးချယ်တယ်။ အဲ့တာသရုပ် ဆောင်မေဂျာကို ရွေးချယ်ခဲ့တယ်ဆိုတော့ သရုပ်ဆောင် လည်း လုပ်ရတော့မှာပေါ့။ နောက် Miss ပွဲတွေလည်း ဝင်ပြိုင်ခဲ့တယ်။ အခုလည်း အဆိုဖက်ကို သွားချင်နေ တယ်။ ကြိုးစားနေပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ် အသက်ရှင်နေတဲ့ကာလ ကိုယ်နိုင်နေတဲ့ အရွယ်လေး မှာ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်တာကို သဘောကျ တယ်။ အရင်တုန်းကတော့ အလုပ်လုပ်ရတာ နည်း နည်းကြောက်တယ်။ ခုတော့ အဲ့လိုမဟုတ်တော့ဘူး။ အလုပ်လုပ်ရရင်ပျော်နေတယ်။ အနုပညာကိုချစ် တယ်။ အဲ့ဒါကြောင့် အနုပညာလုပ်နေရရင်ပျော် တယ်။ အနုပညာနဲ့ပတ်သက်ရင် ရယူချင် တာထက် ပေးဆပ်ချင်တာ များပါတယ်” လို့ ပြောပြခဲ့ပါတယ်။
သူ့ရဲ့ အချစ်ရေးနဲ့ပတ် သက်ပြီးလည်း အေးအေးဆေးဆေးပါပဲလို့ပြော ပြခဲ့ပါတယ်။
သတင်း၊
ဓာတ်ပုံ – ဇော်ဝင်းအောင်