Monday, April 21, 2025

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ရှာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ကွယ်လွန်သွားကြောင်း ဗာတီကန်သတင်းထုတ်ပြန်ရေးဌာနက ကြေညာသည်။ "ယနေ့နံနက် ၇:၃၅ (GMT ၅:၃၅) တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ခမည်းတော်၏ နေအိမ်သို့...

မန္တလေး အဆင့်မြင့် ဈေးချိုတော်နှင့် မန်းမြန်မာပလာဇာ...

ငလျင်ဒဏ်သင့် မန္တလေးအဆင့်‌မြေဈေးချိုတော်နှင့် မန်းမြန်မာပလာဇာ ဈေးဆိုင်ခန်းများကို ယနေ့ ဧပြီ (၂၁) ရက်၌ စတင်ဖွင့်လှစ်ပြီဖြစ်သည်ဟု မန္တလေးမြို့စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။ အဆိုပါ မန္တလေးအဆင့်မြင့်ဈေးချိုတော်နှင့်မန်းမြန်မာပလာဇာအဆောက်အအုံမှာ...

အမြန်လမ်းတွင် ဒုဋ္ဌဝတီ တံတားမှအပ ကျန်ပျက်စီးနေရာများကို...

မန္တလေးငလျင်ကြီးကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ရသည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၏ ပျက်စီးမှူများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထားပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြင်ဆင်ပေးရာတွင် မိုင်တိုင်အမှတ် (၃၅၈/၂)...

အင်းလေး ဖောင်တော်ဦးဘုရားကို သီတင်းကျွတ်အမီ ပြုပြင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးမှုရှိခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကို သီတင်းကျွတ်အမီ ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ်တွင် ဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော်၊ ဒေသစာရီကြွချီတော်မူရာ၌ အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့်...
HomeInternationalဉာဏ်ရည်တု ဆရာဝန် အေအိုင်ဒေါက်တာ...

ဉာဏ်ရည်တု ဆရာဝန် အေအိုင်ဒေါက်တာ များလာ

အက်ပယ်လ်သည် “Project Mulberry” အမည်ဖြင့် ကျန်းမာရေးကဏ္ဍသို့ ဝင်ရောက်ရန် ပြင်ဆင်နေပါသည်။ အဆိုပါ စီမံကိန်းတွင် ၎င်း၏ ကျန်းမာရေးအက်ပ်ကို ပြည့်စုံစွာ ပြန်လည်ပြုပြင်ကာ ဆေးကုသမှုဆိုင်ရာ အကြံပြုချက်များပေးနိုင်မည့် AI ဉာဏ်ရည်တုမော်ဒယ်လ် တစ်ခုထည့်သွင်းဝထားသည်။

ထိုအက်ပ်သည် Apple Watch, iPhone နှင့် Air Pods ကဲ့သို့သော စက်များမှ ဒေတာများကို စုဆောင်းပြီး၊ ထိုသတင်းအချက်အလက်များကို ချိန်ညှိခြင်းဖြင့် လူတစ်ဦးချင်း အတွက်ကျန်းမာရေး အကြံပြုချက်များကို ပေးနိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကျန်းမာရေးကဏ္ဍသို့ အက်ပယ်လ် ၏ အကြီးမားဆုံး ပါဝင်မှုဖြစ်စေရန် အဆိုပါ စီမံကိန်းကိုဆောင်ရွက်မည့် စီအီးအို တင်မ် ကွပ်ခ် ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည်။

အသစ်ပြန်လည်ပြုပြင်ထားသည့် ကျန်းမာရေး Health အက်ပ်တွင် အမှန်တကယ် ဆရာဝန်တစ်ဦး၏ လုပ်ဆောင်မှုများနှင့် ပြန်လည်ထပ်တူညီစေသော ဉာဏ်ရည်တု AI ကိုယ်စားလှယ် ပါဝင်မည်ဖြစ်ပြီး၊ ကျန်းမာရေး အခြေအနေများကို အမြန် ဆုံး ထိုးထွင်း သိမြင်နိုင်ရန် ရည်ရွယ်ထားသည်။

ထို့အပြင် ၎င်း အက်ပ်တွင်စစ်မှန်သော တရားဝင် ဆေးပညာ၊ ဗဟုသုတများ ကို ထည့်ပေးထားပြီး နှလုံးကျန်းမာရေး၊ အာဟာရနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်မှုတို့နှင့် ဆိုင်သည့် အကြောင်းအရာများ၊ ပညာပေးဗီဒီယို များလည်း ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ကိုယ်ဟန်အနေအထားနှင့် လှုပ်ရှားမှုကိုခွဲခြမ်းစိတ်ဖြာခြင်းအတွက် ပိုမိုကောင်းမွန်သော ချိန်ညှိမှုများနှင့် အာဟာရ ကြိုတင်ထိန်းချုပ်ခြေရာခံမှုတို့အတွက် နောက်ထပ် အစီအစဉ်များတီထွင် ဖန်တီးလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်တွင် iOS 19.4 နှင့်အတူ မိတ်ဆက်မည့် ယင်းစီမံကိန်းသည် အက်ပယ်လ် အတွက် ထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်သည့်အပြင် နည်းပညာကုမ္ပဏီများသည် တစ်ဦးချင်းကို လိုက်လျောညီထွေဖြစ်စေသည့် ဆေးကုသမှု နည်းလမ်းများသို့ ဦးတည်လာကြောင်း ပြသနေသည်။
Ref : အေအိုင်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ရှာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ကွယ်လွန်သွားကြောင်း ဗာတီကန်သတင်းထုတ်ပြန်ရေးဌာနက ကြေညာသည်။ "ယနေ့နံနက် ၇:၃၅ (GMT ၅:၃၅) တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ခမည်းတော်၏ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပါပြီ။ သူ၏ တစ်သက်တာလုံးကို သခင်ဘုရားနှင့် သူ၏အသင်းတော်အတွက် တာဝန်များထမ်းဆောင်ခဲ့ပါသည်" ဟု ဗာတီကန်သတင်းထုတ်ပြန်ရေးဌာနမှ Cardinal Farrell က ကြေညာခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် ကွယ်လွန်ချိန်တွင် သက်တော် ၈၈ နှစ် ရှိနေပြီဖြစ်ကြောင်း သိရသည်။

မန္တလေး အဆင့်မြင့် ဈေးချိုတော်နှင့် မန်းမြန်မာပလာဇာ ဈေးဆိုင်ခန်းများ ယနေ့ စတင်ဖွင့်လှစ်

ငလျင်ဒဏ်သင့် မန္တလေးအဆင့်‌မြေဈေးချိုတော်နှင့် မန်းမြန်မာပလာဇာ ဈေးဆိုင်ခန်းများကို ယနေ့ ဧပြီ (၂၁) ရက်၌ စတင်ဖွင့်လှစ်ပြီဖြစ်သည်ဟု မန္တလေးမြို့စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။ အဆိုပါ မန္တလေးအဆင့်မြင့်ဈေးချိုတော်နှင့်မန်းမြန်မာပလာဇာအဆောက်အအုံမှာ ငလျင်ဒဏ်ခံခဲ့ရသဖြင့် ယာယီပိတ်ထားခဲ့ရာ ကြံ့ခိုင်မှု ရှိ/မရှိ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက်ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ဈေးဆိုင်ခန်းများကို မူလက ပုံမှန်ဈေးဖွင့်ချိန်ပိတ်ချိန်များအတိုင်း ဖွင့်လှစ်မည်ဖြစ်ပြီး မန္တလေးမြို့ မြို့တော်စည်ပင် သာယာရေးအဖွဲ့က သန့်ရှင်းရေးလုပ်ငန်းများစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမြန်လမ်းတွင် ဒုဋ္ဌဝတီ တံတားမှအပ ကျန်ပျက်စီးနေရာများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထား

မန္တလေးငလျင်ကြီးကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ရသည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၏ ပျက်စီးမှူများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထားပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြင်ဆင်ပေးရာတွင် မိုင်တိုင်အမှတ် (၃၅၈/၂) ရှိ ဒုဋ္ဌဝတီတံတားမှအပ ကျန်လမ်းပိုင်းများကို ပြင်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင် ယာယီပြင်ဆင်ထားသည့် လမ်းပိုင်းများတွင် ခွင့်ပြုသတ်မှတ်မိုင်နှုန်းများအတိုင်းမောင်းနှင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့် ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားထားသည်။ မတ် (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်လမ်းပိုင်းများ ကျိုးကြေပျက်စီးသည့်နေရာ (၂၈၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071