၂၀၂၄ -၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံ ရေးသတိ အသိ မလစ် ဟင်းရန်ဆောင်ရွက်ရန်လိုပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာဖြင့် တင်ပြသွားကြရမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
မန္တလေးတိုင်းတွင် ၂၀၂၄ -၂၀၂၅ခုနှစ် တက္ကသို လ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာန (၈၉)ခု ဖွင့်လှစ်ထားရှိပြီးကျောင်း သား/သူများ စာမေးပွဲအား အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး၊ စာဖြေခန်းသို့ အချိန်မီရောက်ရှိရေး၊ စာဖြေခန်းများ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရေး၊ ဘာသာရပ်အလိုက်စာမေးပွဲ ပြီးဆုံးသည်အထိ ဖြေဆိုသွားရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆိုသည်။
မတ်လ(၁၅)ရက် နံနက်ပိုင်းက မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့်ဖြေဆိုနိုင်ရေး လုပ် ငန်းညှိနှိုင်း အစည်းအဝေးတွင် ထို့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးမြောက်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများကို ဖြည့်စွက်ပြောကြားခဲ့သည့်အပြင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများတွင် ဆောင်ရွက်မည့် လုံခြုံရေးအစီအမံများနှင့် တင်ပြခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတပ်နယ်မှအရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူ များတက်ရောက်ကြခဲ့ကြကြောင်း သိရသည်။