Wednesday, November 27, 2024

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုး ရွာသွန်းနိုင်သည့်ဒေသများတွင် ရန်ကုန်တိုင်းပါ...

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းနိုင်သောဒေသများတွင် ရန်ကုန်တိုင်းလည်းပါဝင်လာကြောင်း မိုးဇလ၏ ယနေ့ နိုဝင်ဘာ ၂၇ ရက်ည ၇ နာရီကထုတ်ပြန်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၈/၂၀၂၄)အရ...

အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့်...

အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့...

မုံရွာမြို့တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်တည်ဆောက်လျက်ရှိ

မုံရွာမြို့တွင် အနယ်နယ်အရပ်ရပ်မှ ရာသီပေါ်သီးနှံများရောင်းချသည့် ကုန်စိမ်းဈေးသည်များအတွက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက (၃.၈)ဧက ပေါ်တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီး တည်ဆောက်လျက်ရှိကြောင်းသိရသည်။ "မုံရွာမြို့၊ မြို့အင်္ဂါရပ်နဲ့...
HomeNewsLocal Newsတက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ...

တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ ရွေးချယ်မွေးထုတ်သွားမည်

ယခုပညာသင်နှစ်မှ စတင်၍ ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များကို ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံမှုကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏အသက်သည် သုတေသနဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့သည် အလွန်အရေးကြီးကြောင်း သုတေသန၏အရေးပါမှုကိုပြောကြားသည်။

ထို့ကြောင့် ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက် မှန်ကန်ကောင်းမွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာ ဆရာမများ၊ ဝန် ထမ်းများအားလုံးအနေဖြင့် အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

နိုဝင်ဘာ (၂၁)ရက်မှစတင်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုး ရွာသွန်းနိုင်သည့်ဒေသများတွင် ရန်ကုန်တိုင်းပါ ဝင်လာ

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းနိုင်သောဒေသများတွင် ရန်ကုန်တိုင်းလည်းပါဝင်လာကြောင်း မိုးဇလ၏ ယနေ့ နိုဝင်ဘာ ၂၇ ရက်ည ၇ နာရီကထုတ်ပြန်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၈/၂၀၂၄)အရ သိရသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မနက်ဖြန် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧ ရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည် နယ်တို့တွင်မိုးရွာသွန်းနိုင်သည်ဟု မိုးဇလထံမှသိရသည်။ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင် ငံ၊...

အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့် စီးပွားရေးမြှင့်တင်နိုင်ရန် ဆွေးနွေး

အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အာဆီယံ-ကိုရီးယားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာ (၂၅)ရက်မှ (၂၇) ရက်အထိ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။ ယင်း အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တီမော လက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို “Towards...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာ (၂၆)ရက်က ဒု-ဝန်ကြီးသည် တောင်ကြီးမြို့၏ အထင်ကရ ခရီးသွား ဆွဲဆောင်ရာ နေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူ ဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071